အပိုင်း(၁၀)
လှိုင်းကရေချိုးခန်းထဲထဝင်သွားတဲ့အချိန်။
ခွန်းရဲ့ဖုန်းက ခွန်းနှင့်လက်လှမ်းမှီရာမှရှိနေသည်။အခွင့်အရေးဆိုတာရတဲ့အချိန်ယူရတယ်။
ခွန်းဖုန်းကိုဖွင့်ပြီးဘယ်သူ့ဆီဆက်ရမှန်းမသိ။အားကိုးစရာပြေးကြည့်ရင် မင်းမခတစ်ယောက်ပဲရှိတာမလားး။။သူ့ဆီဖုန်းခေါ်ရန်ဦးတည်လိုက်ပေမယ့်..
Ring... Ring...
မာန်ဦးခိုက်ဆီကဖုန်း~
"ဟယ်လို!!"
"ခွန်းလား??ကိုယ်ဟိုနေ့ကဖုန်းဆက်သေးတယ်"
"ဟုတ်လား ခွန်းမသိလိုက်လို့။ ဦးခိုက်ဟိုလေခွန်းကိုတစ်ခုကူညီနိုင်မလား။"
"ဘာပဲဖြစ်ဖြစ်ကူညီနိုင်တာပေါ့"
"ဒါဆိုရင်။။မောင်းး!!!"
ခွမ်းးး
"တက်နေခွန်း!!!"
ရေချိုးခန်းထဲဘယ်လောက်မှမကြာပါဘူးမျက်နှာလေးသွားသစ်လိုက်တာကို ဒင်းကဖုန်းခိုးဆက်နေလိုက်သေးသည်။ ဘယ်သူနဲ့ပြောနေတာလဲနားထောင်ကြည့်တော့ ဦးခိုက်တဲ့လေ သူ့နှုတ်ခမ်းဖျားက သူကိုယ်တိုင်ခေါ်လိုက်တာ။ နားနဲ့ကြားဖြစ်အောင်ဆက်ဆက်ကြားလိုက်ပါသေးသည်။ ဒေါသကငယ်ထိပ်ရောက်လုမတက်!
ဖုန်းကိုယူပြီး နံရံဆီပစ်ပေါက်ချလိုက်သည်။"လှိုင်းခက်ထန်!!မင်းဒါဘာလုပ်တာလဲ ငါ့ဖုန်းနော်ငါ့ဖုန်း!!!"
"ဘာဖြစ်လဲ လင်ငယ်ကိုအကူအညီတောင်းနေတာကိုငါကထိုင်ကြည့်နေရမှာလားဟမ်။"
"ဘာလင်ငယ်လဲ! မင်းနဲ့ကွာရှင်းပြီးသား ငါ့ဘာသာနောက်ယောက်ျားယူချင်လည်းရတယ်။ရှင်းလား။။"
"ဟက်!!gayတွေကဒီလိုမျိုးပဲလား"
လှိုင်း~~မင်းငါ့ကိုနှိမ်တာလွန်နေပြီ။
"ဟုတ်တယ်။။ဘယ်သူနဲ့နေနေ မင်းကိုသောက်ဂရုစိုက်စရာဘာအကြောင်းမှမရှိဘူး။"
ခွန်းမခံချင်လို့ပြောလိုက်ပေမယ့်သူ့စကားကဘယ်အတိုင်းအတာအထိရောက်သွားမှန်းမသိလိုက်။။