အပိုင်း(၉)
"ဘာကိစ္စဖုန်းဆက်တာလဲ ညကြီးမင်းကြီးခဗျား personal အချိန်နားမလည်ဘူးလား"
တီ...တီ..
လှိုင်းက တစ်ဇွတ်ထိုးပြောပြီးတစ်ဖက်မှreplyအပြန်ကိုတောင်မစောင့်ပဲ ဖုန်းကိုချလိုက်သည်။
"လှိုင်း!!"
ခွန်းက လှဲနေရာမှထပြီး ဖုန်းကိုပြန်ဆွဲယူရန်လုပ်သော်လည်း မတ်တပ်ရပ်လိုက်တာနဲ့ ခြေချင်းဝတ်က နာကျင်လာကာ ပြန်ခွေကျရပြန်သည်။
"မူရာမာယာ သဲကိုးဖြာ!!ထွက်ပြေးမို့ကြံနေတာလား"
"......"
"ကုတင်ပေါ်လာနေ ကြမ်းပြင်မှာထိိုင်မနေနဲ့ မအေးဘူးလား"
မတ်တတ်တောင်မရပ်နိုင်တဲ့သူကို မတွဲတဲ့အပြင် ခုတင်ပေါ်တက်ထိုင်ရမယ်ဆိုတော့ လှိုင်းရေ! ငါ့ကို တမင်နှိပ်စက်နေသလိုပဲ။
"စားပွဲပေါ်ကဟာတွေ ကုန်အောင်စားထားလိုက်။"
သူကတော့အပြင်ထွက်သွားပြီ။ ငါဘာလုပ်နိုင်မှာလဲ သောက်ရေးထဲ ခြေထောက်ခေါက်ရတယ်လို့။ ပိုပြီးအားကိုးရာမဲ့သွားသလိုပဲ
လှိုင်းနဲ့ကျမှပဲ ဘဝမှာ တစ်ခါမှမလုပ်ဘူးတဲ့အလုပ်တွေလုပ်နေရပြီ။ ခုတင်ရှိရာကို ဖင်ရွေ့သွားလိုက်ပြီး ကုတင်နားရောက်တော့ထပြီးတက်လို့မရတဲ့အတူ အကြံတစ်ခုခုထုတ်ရင်းအောက်မှာပဲထိုင်နေလိုက်သည်။
..........................................................................
"သက်ပိုင် ငါ့ကို အဲ့မာန်ဦးခိုက်ဆိုတဲ့ လူအကြောင်းအကုန်စုံစမ်းပေး"
"အေးး 2ရက်လောက်တော့စောင့်"
"မြန်နိုင်သမျှမြန်မြန်လေးကွာ"
"အေးပါကွာ။ ဘယ်လိုဖြစ်နေတာလဲ စုံစမ်းပေးပါမယ်ဆို"
"ပြီးရော"
လှိုင်းအခန်းပြန်တော့ သူ့အခန်းရှေ့ ဝိုင်ဗန်းကြီးနှင့်ရပ်နေသောဟိုတယ်ဝန်ထမ်းကောင်လေးတစ်ယောက်။
"အကိုကဒီအခန်းကလား"
"ဟုတ်တယ်လေ"
"အဲ့တာဆိုဒီမှာဗျ။ ဝိုင်မှာထားလို့"