အပိုင်း(20)
"ရောက်ပြီလား"
"အော်...ခွန်းရယ် သွားတာက ရန်ကုန်ကနေမိုးကုတ်လေ ဘယ်လိုလုပ် ဝှီးကနဲ ဆိုပြီးရောက်မလဲ။"
"ငါသိပါတယ်။ အချိန်ကနေ့တစ်ပိုင်းကျော်ပြီ ပါပီလေးတို့ဗိုက်ဆာနေလောက်ရောပေါ့"
လှိုင်းကနောက်ခန်းကိုလှည့်ကြည့်၏။
ဗိုက်ဆာလား မဆာလားတော့ မသိဘူး နှစ်ယော်သားဖက်ပြီး အိပ်နေတာတော့ သိုးနေရော
"ဟိုမှာကြည့်အုံး အိပ်နေလိုက်တာ"
"သိတယ်လေ။ မနက်ထဲက မုန့်လေးနည်းနည်းပဲစားထားတာ ဒီချိန် ဆာဆာ မဆာဆာာ ကျွေးရတော့မှာပေါ့"
"ပြီးရောပြီးရော ရှေ့ကမြို့ရောက်ရင် ထမင်းဆိုင်ရှာပေးမယ်။"
ထမင်းဆိုင်ရောက်တော့ ခွန်းက ပါပီလေး၂ယောက်ကိုနိုးလိုက်၏။ ထင်တဲ့အတိုင်း နိုးနိုးချင်း ဗိုက်ဆာတယ်လို့ အရင်အော်တယ်လေ။
"သားရှူးရှူးအရင်ပေါက်မယ်"(ပတ်)
"ဆိုင်ဘေးက လမ်းထဲဝင်သွား အိမ်သာရှိတယ်။"
မင်းကဘယ်လိုလုပ်သိတာလဲ။ အေးပေါ့ အမြဲဘယ်ခရီးသွားမှန်းမသိသွားနေတဲ့သူက သိတာအဆန်းမဟုတ်လောက်ပါဘူး။"
"ငါတစ်ခုရောက်ဖူးလို့..."
ခွန်းက လှိုင်းရဲ့အဖြေကို ဆက်နားမထောင်တော့ပဲ အိမ်သာရှိရာလမ်းကိုကလေး၂ယောက်ခေါ်ပြီးထွက်သွားသောကြောင့် နောက်ကအပြေးလိုက်ရသေးသည်။ လမ်းကအောက်လျှောလျှောပြီးဆင်းရတဲ့လမ်းဖြစ်ပြီး နဲနဲမတ်ဆောက်တာကြောင့် စိတ်မချမှုများနှင့် နောက်ကပြေးလိုက်ရ၏။
"လာလာ..ပတ်လေးလာ ဒယ်ဒီချီမယ်။"
ချီမလို့ ခန္ဓာကိုယ်ကိုအောက်သို့ကိုင်းပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သူဆီ အပြေးရောက်လာသော ပတ်လေး။
ခွန်းကတော့ ဘတ်လေးကိုချီပြီးရှေ့ကဆင်းသွားပြီ။
ထမင်းဆိုင်မှာစားသောက်ကြပြီးခရီးဆက်ရပြန်၏။
ဟိုရောာရင်စားဖို့ကလေးတွေအတွက်(...)ကနေကြက်ကြော်၃ထုပ်လောက်ဝယ်ခဲ့ရသေးသည်။