အပိုင်း(၁၄)
ရင်ခွင်ထဲမှာ ဂနာမငြိမ်တဲ့သူကြောင့် မနက်စောစောစီးစီးနိုးလာခဲ့ရ၏။
"ခွန်း ဘာဖြစ်နေတာလဲ" မျက်လုံးမှိတ်ထားလျှက်မေးလိုက်သော်လည်း တစ်ဖက်ကပြန်မဖြေသောကြောင့် ရင်ခွင်ထဲကသူကိုငုံ့ကြည့်လိုက်မိသည်။
ချွေးစီးများပြန်နေပြီး အိမ်မက်ဆိုးတွေမက်နေပုံရသည်။
"ခွန်း...ထတော့ တက်နေခွန်း"
"အင်"
လှုပ်နိုးလိုက်တော့ မျက်လုံးများမဖွင့်သေးပဲ အသံကအရင်ထွက်လာ၏။
"မင်းတစ်ကိုယ်လုံး ချွေးတွေချည်းပဲ"
"မွန်းကြပ်လို့ ရေသွားချိုးလိုက်အုံးမယ်။"
တစ်ညလုံးဖက်အိပ်တာ ဒီလောက်ဖြစ်စရာလိုလို့လား....
ရေချိုးမယ်ဆိုပြီး ပြန်ကွေးနေတဲ့ခွန်းကို ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲခေါ်လာလိုက်သည်။
ခွန်းကို Bathtubထဲချပေးပြီး တစ်ခါတည်းရေချိုးပေးရန်..
"ထွက်သွား"
"မင်းလှုပ်နိုင်သေးလို့လား ငါပဲလုပ်ပေးမယ်"
"ထွက်သွား"
ခွန်းကလှိုင်းကိုမကြည့််ပဲ နံရံကိုသာမလှုပ်မရပ်ကြည့်နေ၏။
"ဟင်းးးးပြီးရောလေ။ ပြီးရင်ငါ့ကိုခေါ်လိုက်။ဒီပုံစံနဲ့ မင်းလမ်းလျှောက်နိုင်မှာမဟုတ်ဘူး။ငါလာခေါ်မယ်။ မကြာစေနဲ့ဖျားမယ်"
ဘာမှပြန်မပြောသူကို ခဏလေးလျစ်လျူ့ချင်တာနဲ့ လှိုင်းရေချိုးခန်းထဲကထွက်လာလိုက်သည်။
ထွက်သာထွက်လာရပေမယ့် စိတ်ကတော့မဖြောင့်။
သူ့ဘက်ကလွန်သွားတာမှန်ပေမယ့် ဖက်ပဲဖက်တာကို သူပိုင်ဆိုင်သူမို့ ဇွတ်အတင်းဖက်အိပ်လိုက်တာမလွန်ဘူးလို့ထင်တာပဲ။
"ဟူးးးးးခွန်းပြီးပြီလား"
နာရီဝက်ကျော်နေပြီဖြစ်လို့ လှမ်းအော်လိုက်ပေမယ့်အထဲကအသံပြန်လာသံမကြား။
"ခွန်းးး"
"......."
"ခွန်း....မင်းပြန်မထူးရင် ငါဝင်လာခဲ့လိုက်တော့မယ်"