အပိုင်း(၁၈)
"Wow... Wow... အဲ့တာဘာဖြစ်နေကြတာလဲ။ဆေးရုံမှာနော် မင်းတို့"
သာသာယာယာအိပ်ပျော်နေရင်းကနေရုတ်တရက် စူးရှရှအသံပြဲကြီးကြောင့်
လှိုင်းချက်ချင်းဆိုသလို ခွန်းရဲ့နားနှစ်ဖက်ကို လက်နှင့်အုပ်ကိုင်လိုက်သည်။
လှိုင်းက အသာလေးခုတင်ပေါ်မှထလာလိုက်ပြီး ဟန်ပိုင်ကိုရိုက်ရန် လက်ရွယ်လိုက်ရင်းးး
"ဟိတ်ကောင်!!! အသံကိုတိုးစမ်း။ ခွန်းနိုးလာရင်မင်းအသေပဲ"
ဟန်ပိုင်က ဟနေတဲ့သူ့ပါးစပ်လေးကို လက်နှစ်ဖက်နှင့်အုပ်လိုက်ရင်းးး
"အွန်းးအွန်းး"
"ဘာလာလုပ်တာလဲ"
"အော်.....မင်းကလဲကွာ။ ခွန်းကိုလူနာလာမေးတာပေါ့။"
"အိပ်တုန်းပဲ မမြင်ဘူးလား ပြန်တော့"
"အော်.....ငါမေ့နေတာ။ ပန်းစက်ပွင့်ရဲ့အဖေနဲ့ချိန်းထားတာမလား။ အဲ့တာလာမှာလားတဲ့
မင်းဖုန်းကိုဆက်တာမကိုင်လို့။"လှိုင်းကဖုန်း screenကိုဖွင့်ကြည့်လိုက်ပြီး။
"ငါမေ့နေတာာ သွားလိုက်ဦးမယ်"
ပြောပြီးတာနဲ့အပြေးထွက်သွားသောသူ....
"ဒီကောင်တော့....ကျစ်"
...........................................................................
အိပ်နေရင်း အေးစက်စက်အထိတွေ့ကြောင့်မျက်လုံးကအလျင်အမြန်ပွင့်လာရသည်။
"ခွန်းးးနိုးသွားတာလား"
"ဦးခိုက်!!ဘယ်လိုလုပ်"
"ခွန်းမနိုးသေးလို့ စောင့်နေရင်း ကိုယ်ရေပတ်တိုက်ပေးနေတာ။"
ဦးခိုက်ရဲ့ကော်လံတွေကထောင်တက်နေပြီးလက်ရှည်အကျီမို့ လက်အနားတွေကိုတံတောင်ဆစ်ထိ ခေါက်တင်လို့ထားသည်။
လက်မှာလည်း ရေစိုသဘက်လေးကိုကိုင်ထားသေးသည်။ ခွန်းနိုးသွားလို့အားနာနေသည့်ဟန်။
ဘာလုပ်ရဘာကိုင်ရမှန်းမသိဖြစ်နေတဲ့ ဦးခိုက်ရဲ့ပုံစံက အရင်နေ့တွေကလိုမဟုတ်ပဲ တစ်မျိုးကွဲထွက်နေသည်။