အပိုင်း(၆)

12.5K 935 31
                                    

အပိုင်း(၆)

ခွန်းဆေးဘူးယူပြီးဝင်လာတော့ လှိုင်းကအကျီမဝတ်သေးပဲ ကျောပေးထိုင်နေ၏။

ဆေးလိမ်းမှာက လည်ဂုတ်နဲ့ပုခုံးဆက်နားမှာကိုဘာကိစ္စအကျီကို ချွတ်ထားပြန်လည်းမသိ။

"မင်းအကျီဝတ်မထားဘူးလား"

"ဆေလိမ်းပြီးမှဝတ်မယ် ဘာလည်းရှက်နေတာလား"

"မင်းမေဂျီးတော်ရှက်ရမှာလား ငါမိန်းကလေးမဟုတ်ဘူး"

လှိုင်းက မျက်ခုံးတွေအပေါ်မြင့်တက်သွားပြီး ခွန်းကိုစိုက်ကြည့်လာသည်။

"ကျစ်!!မြန်မြန်နောက်ပြန်လှည့် ဆေးလိမ်းပေးမယ်"

"အင်း"

"အ...နာတယ်ဖြည်းဖြည်းထည့်ပေးစမ်းပါ"

လာပြန်ပြီ အမိန့်ပေးတဲ့လေသံနဲ့ ခွန်းကလည်းဒီလိုမျိုးပြောရင်တစ်ဆက်မှကြိုက်တာမဟုတ်

"အားးးးးအ!"

ဂွမ်းနဲ့ မထိတထိ တို့မနေတော့ပဲ ဆေးရည်လောင်းချကာ လက်နှင့်ဖိချလိုက်သည်။

"ခွန်းးးမင်းဆေးလိမ်းပေးတာဟုတ်ရောဟုတ်ရဲ့လား"

"ရုပ်ရှင်ထဲကမင်းသားကမင်းသမီးကို ဆေးလိမ်းပေးသလို ညင်ညင်သာသာတော့ဘယ်ရမလဲ အဲ့လိုအလိမ်းခံချင်ရင် မင်းဟာမဆီသွားလိမ်းလိုက်။"

အခုရက်ပိုင်း မိုးလင်းကနေမိုးချုပ် ထိုသူနဲ့ပဲရန်ဖြစ်နေရတာ အရင်လို စကားနည်းရန်စဲမဟုတ်တော့ အခုဆိုကိုယ်ကတစ်ခွန်းပြောရင် သူကငါးခွန်းလောက်ပြန်ပြောပြီးပြီ သူတော်တော်စွာလာတာပါ။ ဘယ်ကသတ္တိတွေရနေလို့လည်းတော့မသိ။

"ပြီးပြီ။"

ခွန်းကဆေးထည့်ပြီးတာနဲ့ အခန်းထဲမှာတစ်စက္ကန့်တောင်မနေပဲ ထထွက်သွားဖို့လုပ်ပြန်သည်။

"ခွန်း...မင်းဘာလို့ပြောင်းလဲသွားရတာလဲ"

ခွန်းခဏမျှရပ်နေမိသည်။
လှိုင်းကတော့ဘအဖြေကိုသိချင်နေသူဖြစ်၍ဘခွန်းဖြေမှာကို မျှော်လင့်တကြီးစောင့်နေမိသည်။

ခွန်းက ခပ်ဟဟရယ်လိုက်ရင်း

"မင်းရဲ့မေးခွန်းကဟာသပဲ လူတွေရဲ့စိတ်ကမပြောင်းလဲနိုင်ဘူးများထင်နေလား"

ခြွင်းချက်မရှိ(complete)Hikayelerin yaşadığı yer. Şimdi keşfedin