အပိုင်း(၁၉)
"ပြော!!ဘယ်ခြေထောက်နာတာလဲ။ ဘယ်ဘက်လား ညာဘက်လား"
"ပါးပါးနဲ့ဒယ်ဒီတို့ဘာလုပ်နေကြတာလဲ။ ဆော့နေကြတာလား"
"အမ်!!!ဘတ်လေးအိပ်သေးဘူးလား"
ရှက်ဖို့ကောင်းလိုက်တာ...ကလေးရှေ့ကျမှ အနေထားက ဟိုကလည်းခြေထောက်နှစ်ဖက်ကိုဆွဲမြှောက်ထားတာ ခွန်းရဲ့တင်ပါးတောင် ဆိုဖာနဲ့လွတ်နေပြီ။
"လေ့ကျင်ခန်းလုပ်နေတာလား"
"မဟုတ်ဘူး!"
မူးကြောင်ကြောင်နဲ့ မဟုတ်ဘူးဆိုပြီးပြန်ဖြေလိုက်တဲ့ လှိုင်းရင်ဘတ်ကိုခြေထောက်နဲ့ ကန်လိုက်ရင်း ကလေးဆီထပြေးလာလိိုက်သည်။
"ပါးပါးတို့ပျင်းလို့ဆော့နေတာ ဘာမှမဟုတ်ဘူး။ နိုးသွားတာလားပါပီလေး"
"ဒီတိုင်း နိိုးလာတာ ပါးပါးရဲ့။ ပါးပါးမရှိလို့ ထွက်လာတာ။ ပါးပါးတို့က ဘာလုပ်တိုင်းဆော့နေတာလဲဟင်? သိုင်းချနေကြတာလား"
"ဘယ်လိုတောင်?"
"မဟုတ်ဘူးလား?.."
"ဟုတ်တယ်ဟုတ်တယ်။ ဒယ်ဒီက ယုတ်မာကြမ်းကြုတ်တဲ့ နဂါးကြီးလေ။ ဒီကသားလေးရဲ့ပါးပါးက အဲ့နဂါးကြီးကိုလိုက်သုတ်သင်ပစ်မယ့်မင်းသားလေးပေါ့"
ခွန်းရဲ့အပြောကြောင့် လှိုင်းချောင်းတစ်ချက်ဟန့်လိုက်သည်။
"အာ...မှားနေတယ်ပါးပါးရဲ့။ ပါးပါးက မင်းသမီးလေးလုပ်ပြီး ဒယ်ဒီကမင်းသားလေးလုပ်ရမှာလေ"
"လာ...အိပ်ရာထဲမှာဆက်ပြောရအောင်။"
ခွန်းကဘတ်လေးကိုချီပြီး အခန်းထဲဝင်သွားတဲ့နောက်ကနေလှိုင်းက ကပ်လိုက်လာတာကြောင့်။
"မင်းရေချိိုးပြီးမှအိပ်ရာပေါ်တက်"
ခုတင်ဆီ ဦးတည်တော့မယ့် ခြေလှမ်းတွေကိုရေချိုးခန်းဆီ ပြန်လှည့်လိုက်ရတော့သည်။
"ပါးပါးး ဆက်ပြောပြလေ"
အိပ်ရာပေါ်ရောက်တဲ့အထိ အရစ်ရှည်နေသောသူလေးကို ပုံပြောပြီး ချော့သိပ်ရပေဦးမည်။
"အွန်းးဆက်ပြောပြမယ်။ ပါးပါးကမင်းသမီးမလုပ်ချင်ပါဘူး။ နဂါးကြီးကိုအပြတ်ရှင်းပစ်မယ့်မင်းသားလေးပဲဖြစ်ချင်တာ"