အပိုင်း(၃၀)
"အကိိုလေး!!!!အကိိုလေး!!!!"
အိပ်နေရင်းချစ်ရသူကိုလွမ်းတာတောင်ကောင်းကောင်းမလွမ်းရတဲ့ဘဝပါ~~
"ဘာလဲ"
ကားဒရိုက်ဘာ က တကူးတက ကျွန်တော့်နာမည်ခေါ်ပြီးအိမ်ထဲအပြေးဝင်လာပြီဆိုကတည်းက ကျွန်တော့်သားနှစ်ယောက်အကြောင်းဆိုတာတန်းသိ၏။
"အကိုလေး!! အခြေအနေမကောင်းဘူး"
"ဘာဖြစ်ပြန်ပြီလဲ။"
"ဟို....ကျွန်တော််လိုက်ပို့တာတော့ကျောင်းအပေါက်ဝထိပါပဲဗျ။ အဲ့တာ ကားထဲကဆင်းတော့ကျောင်းထဲမဝင်ပဲ နှစ်ယောက်လုံး ကျောင်းဘေးကခြံထဲကိုပြေးသွားကြတယ်။ ကျွန်တော်ဆင်းလိုက်ပေမယ့် ပျောက်သွားပါတယ်ဆရာ။"
"ဟင်းးးးးမစိုးရိမ်နဲ့။ ငါ့သားနှစ်ယောက်က ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့အရွယ်ရောက်နေပြီ။ ဒါပေမယ့် အဲ့ငဆိုးနှစ်ကောင်က တစ်ခါလောက်တော့ခံလိုက်ရမှ မှတ်မှာ"
ပြောရင်းဆိုရင်း လှိုင်းဆီဖုန်းဝင်လာ၏။
"ဟယ်လို"
"ဘတ်နဲ့ပတ်လေးတို့ရဲ့အဖေ လှိုင်းခက်ထန်လားရှင့် ကျွန်မ ကျောင်းကအတန်းပိုင်ဆရာမပါ"
"ဟုတ်ပါတယ် ဆရာမရေ။ ဘာပြဿနာ ဖြစ်ပြန်ပြီလဲဗျ။"
"ထုံးစံအတိုင်းပဲရှင်။ ရန်ပွဲမှာထိပ်ဆုံးကပါလာလို့။ ကျောင်းကိုလာခဲ့ပါဦးရှင့်။ ကျွန််မအခုကလေးနှစ်ယောက်လုံးကိုခေါ်ထားပါတယ်။"
"ကောင်းပါပြီဗျ။"
"ကျွန်တော်ကားအဆင်သင့်လုပ်ပြီးသားပါအကိုလေး။"
အရင်ကဆိုအပြေးအလွှားထလိုက်ခဲ့ပေမယ့်
အခုဆိုရင်တော်တော်ရိုးအီနေပြီ။ တစ်လမှာသုံးခါလောက်ကတော့အေးဆေးကျောင်းကိုသူတို့ကောင်းမှုနဲ့ရောက်ဖြစ်တယ်။........................................................................
ကျောင်းမှာဆရာမနဲ့စကားပြောဆို လက်မှတ်ထိုးပြီး မအားတာနဲ့ နှစ်ယောက်လုံးကိုအိမ်တန်းမခေါ်ပဲ ကုမ္ပဏီမှာပဲကျွန်တော်နဲ့တူတူခေါ်ထားလိုက်သည်။ အလုပ်တွေပြီးလို့အိမ်ပြန်လာတဲ့ထိ သူတို့နှစ်ယောက်ဘက်က စကားတစ်ခွန်းမှမဟ။