အပိုင်း(၄)

14.7K 1K 29
                                    

အပိုင်း(၄)

"ဟယ်လို မင်းမခ"

"ဘာတုန်း"

"ငါ lotus companyရဲ့ပါတီပွဲတက်မလို့လေ အဲ့တာ ကလေးတွေကိုမင်းအိမ်မှာလာထားမယ်နော်"

"ငါလည်းဒီနေ့မအားဘူးဟေ့ယျောင် ငါလည်းသွားမှာခွန်း"

"မင်းလည်းသွားမှာလား?ကျစ်!!အဲ့တာဆိုဘယ်လိုလုပ်ရပါ့"

"ခွန်းလေးဘာဖြစ်လို့လဲ"

ခွန်းမာမီလေးရဲ့အမေးကြောင့် မင်းမခဖုန်းကိုချလိုက်ပြီး။

"ကျွန်တော်ဒီနေ့ပါတီပွဲတစ်ပွဲသွားဖို့ရှိလို့အဲ့တာဟို..ကလေးတွေကို"

"မာမီနဲ့ထားခဲ့လေဖြစ်တာပဲဟာ"

"မာမီလေးထိန်းနိုင်ပါ့မလား ဒီမျောက်လောင်းလေးတွေကို"

"အော်!! ရပါတယ်ဆိုခွန်းရယ်~မာမီထိန်းနိုင်တယ်။ သွားစရာရှိတာစိတ်လွတ်ကိုယ်လွတ်သွား"

"ဟုတ်မာမီလေး အားတောင်နာတယ် ဟီး...ဒါဆိုကျွန်တော်သွားတော့မယ်"

"အေးသွားသွား"

တော်သေးတာပေါ့ မာမီလေးရှိနေပေလို့။လှိုင်းကလည်း ညကျမှပြန်လာမှာရသူ့လက်ထဲလည်းကလေးတွေထည့်ချင်တာမဟုတ်ဘူး။ ခါတိုင်းဆိုအပြင်သွားရင် မင်းမခဆီအမြဲအပ်သွားနေကျ ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင် သူကလည်းသွားဖို့
ရှိတယ်တဲ့။ လှိုင်းကရှာကျွေးလို့ဆိုတစ်မျိုးအလုပ်ကိုလက်လွှတ်လို့ရဦးမည်။ သူ့လိုတော့ခွန်းမိဘဆီကထိုင်မစားချင် နိုင်သလောက်တော့ရုန်းရမှာပဲ။

...........................................................................

ပါတီပွဲက တော်တော်လေးကို ခမ်းခမ်းနားနားလုပ်ထားတာ ပါတီပွဲထဲဝင်လိုက်တော့ချက်ချင်းသူ့ဆီကိုဝိတ်တာတစ်ယောက်ရောက်လာသည်။

"ဒီက ဒီဇိုင်နာတက်နေခွန်းလားခဗျ"

"ဟုတ်ပါတယ်"

"ဒါဆိုကျွန်တော့်နောက်လိုက်ခဲ့ပေးပါ"

"ကောင်းပါပြီ"

ဝိတ်တာက ခန်းမထောင့်နားလေးက စားပွဲကိုခေါ်သွားပြီးခွန်းကိုနေရာချပေးသည်။

ခြွင်းချက်မရှိ(complete)Where stories live. Discover now