မိုးတွေပြင်းထန်စွာရွာသွန်းနေတဲ့ ဒီဇင်ဘာရဲ့ညတစ်ညမှာ လမ်းမကြီးတစ်ခုပေါ်တွင် ကုန်တင်ကားကြီးနဲ့ ကားလေးတစ်စီးရဲ့ ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားနေ၏။
ကားလေးက ကုန်တင်ကားကိုရှောင်ပြီး ကွေ့လိုက်တာကြောင့် သူ့ကားခေါင်းက လမ်းဘေးက သစ်ပင်ကြီးမှာ ထိုးဆိုက်နေသည်။
ကုန်တင်ကားကလည်း တိုက်ခါနီးမှ ကွေ့လိုက်တာက တစ်ကြောင်း မိုးရွာလို့ လမ်းတွေကလည်း ချောနေတဲ့အတွက် ကုန်တင်ကားကြီးက ဘေးတစ်စောင်းကြီး လမ်းမပေါ်မှာ မှောက်နေခဲ့၏။
ယာဉ်မတော်တဆမှု ဖြစ်ပွားရတဲ့အကြောင်းအရင်းက ကုန်တင်ကားမောင်းလာတဲ့သူဟာ အိပ်ငိုက်ပြီး မောင်းလာတာဖြစ်ပြီး မိုးတွေလည်း သည်းသည်းထန်ထန်ရွာသွန်းနေတာမလို့ လမ်းတစ်ဖက်ကနေ အရှိန်မှန်မှန်နဲ့ အေးအေးလူလူ မောင်းလာတဲ့ကားလေးကိုမမြင်ဘဲ အဲ့ကားလေးဆီကို အရှိန်နဲ့ တည့်တည့်မတ်မတ်ပြေး၀င်လာခြင်းကြောင့်ဖြစ်သည်။
မီးခိုးငွေ့ တွေ မွှန်ထူအောင် ထွက်နေတဲ့ ကားထဲမှာ ပိုင်ပြည့် အသက်ကို ခက်ခက်ခဲခဲ လုရှူနေရသည်။
သူ့ နားထဲမှာ အော်ဟစ်ဆူညံသံတွေ ငိုယိုနေသံတွေ ကားဟွန်းတီးသံ တွေနဲ့ မိုးစက်တွေ ကတ္တရာလမ်းမပေါ် ကျနေတဲ့အသံကိုလည်း ဝိုးတိုးဝါးတားကြားနေရ၏။
သူ ခန္ဓာကိုယ်ကို နည်းနည်းလောက် လှုပ်ကြည့်လိုက်တဲ့အခါမှာ ၀မ်းဗိုက်ကနေ စူးအောင့်နေအောင်နာကျင်တဲ့ ခံစားမှုမျိုးကို ခံစားမိလိုက်ရသည်။
ပိုင်ပြည့် သူ့ဗိုက်ကို စမ်းကြည့်လိုက်တော့ လက်တစ်ဖဝါးစာလောက်ရှိတဲ့ မှန်ကွဲစကြီးက သူ့ဗိုက်မှာ စိုက်နေတာကို သိလိုက်ရသည်။
ပိုင်ပြည့် အသက်ကို နောက်တစ်ချက် ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကာ သူ့ခေါင်းကို ခပ်အေးအေးထားပြီး ဖြစ်ပျက်ခဲ့တာတွေကိုပြန်စဉ်းစားကြည့်ဖို့လုပ်လိုက်၏။
ဒီနေ့ ကုမ္ပဏီ new yearညစာစားပွဲရှိလို့ သူ Hotel ကိုသွားခဲ့သည်။ စားပွဲမှာ သူအိမ်ကို ကားမောင်းပြန်ရမှာမလို့ အရက်ကို တစ်ငုံတောင်မသောက်ခဲ့ပါ။ အထက်လူကြီးတွေက အတင်းသောက်ခိုင်းတာကိုတောင် သူ ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ငြင်းခဲ့သည်။
YOU ARE READING
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...