*CHAPTER-25*

12 3 0
                                    


ကစားပွဲကို အဝါအသင်းနဲ့ အနီအသင်းက အားကြိုးမာန်တက် ဆက်လက် ယှဉ်ပြိုင်ကြပင်မဲ့ စစ်ချီကတော့ ကစားပွဲကို စိတ်မရောက်နိုင်ပါ...

စစ်ချီ သူ့အဖွဲ့သားများနှင့်အတူထိုင်နေတာဖြစ်ပင်မဲ့ ‌သုတနှင့်ကျော်ဇင်က အဝါအသင်းက ဖြစ်သလို ပိုင်ပြည့်ကလည်း အနီအသင်းက ဖြစ်သည့်အတွက် နေရာမှာ မရှိကြပေ..ထို့ကြောင့် စစ်ချီဘေးတွင် ယုယနှင့်ကြည်ပြာဦး နှစ်ယောက်သာ ရှိ၏...သူမတို့ကလည်း နှစ်ဖက်အသင်းလုံးတွင် မိမိတို့၏ အဖွဲ့သားများပါရှိသောကြောင့် နှစ်ဖက်လုံးကို မျှမျှတတ အားပေးနေကြသည်...

ကစားပွဲထဲတွင်လည်း ဆည်းဆာသွင်က မြတ်ဖုန်းနှင့် ပိုင်ပြည့်အနားမှာသာ ရှိနေပေ၏....ခဏကြာတော့ မြတ်ဖုန်းကစားပွဲက ထွက်သွားရပြီး ဆည်းဆာသွင်နှင့် ပိုင်ပြည့်က အရင် ကစားပွဲကထက်ပိုပြီး ပူးပူးကပ်ကပ်နှင့် ဆွဲကာလွဲကာ ဖြစ်နေ၏...

စစ်ချီ ကစားပွဲကို ဆက်လည်း မကြည့်ချင်တာကြောင့်မလို့ ခေါင်းကြီးသာ ငုံ့ထားမိသည်...သို့သော် ဘေးက ယုယနှင်ကြည်ပြာဦး ၏ စကားသံများကြောင့် သူ အကုန်တော့ ကြားသိနေရသည်....

စစ်ချီ ခေါင်းငုံ့နေရာမှ ယုယ၏ အလန့်တကြား အော်သံကိုကြားလိုက်ရ၏...

"အမယ်လေး...သေပါပြီ .."

"ဟယ်..အဖွဲ့မှူး..!!!!"

အဝါအသင်းဘက်က သူတို့၏ ဘောလုံးကို ခဏခဏ ကြားဖြတ်ပြီး ခုန်ဖမ်းနေတဲ့ ပိုင်ပြည့်ကိုသာ တော်တော်ကြာကြာ ပစ်မှတ်ထားပြီး ပစ်နေကြရာ ခဏအကြာမှာတော့ ပိုင်ပြည့်ရဲ့ ခြေထောက်ကို ပစ်နိုင်သွားကြသည်...

ဘောလုံးက ခြေထောက်ကိုသာ ထိမိတာဆိုရင် ကိစ္စမရှိပင်မဲ့ အခုကတော့ ခြေထောက်ကို ပစ်လိုက်သည့် ဘောလုံးကို ရှောင်ရင်းနဲ့ ပိုင်ပြည့်က ဘောလုံးကို နင်းမိကာ ‌အရှိန်နဲ့ ခြေချော် ပြုတ်ကျသွားခြင်း ဖြစ်သည်...

ဘေးက ယုယနဲ့ ကြည်ပြာဦးက နေရာမှ ပိုင်ပြည့်ဆီ ပြေးသွားကြသလို ဘေးမှာ စစ်ချီကလည်း မျက်နှာမှာ စိုးရိမ်မှုအပြည့်နှင့် မပြေးတရုံ ခြေလှမ်းကျဲကြီးများနှင့် လိုက်လာခဲ့သည်...‌‌

Till My Last BreathWhere stories live. Discover now