စစ်ချီ ရုံးကနေ သူ့တိုက်ခန်းကို တန်းပြန်လာခဲ့သည်။သူ တိုက်ခန်းကို ပြန်ရောက်တော့ ၁ချက်ထိုးတောင် ကျော်နေပြီဖြစ်သည်။
စစ်ချီရဲ့ တိုက်ခန်းက နည်းနည်းတော့ သေးပင်မဲ့ သူ့တစ်ယောက်စာအတွက်ဆိုရင်တော့ ကျယ်၀န်းတယ်လို့ ပြောလို့ရသည်။အရင်ဘ၀တုန်းကတော့ မြတ်ဖုန်းကို သူက သူ့တိုက်ခန်း အပိုသော့ကို ပေးထားခဲ့တဲ့အတွက်ကြောင့် မြတ်ဖုန်းက သူ့တိုက်ခန်းကို တံခါးမရှိဓားမရှိ အမြဲ ၀င်ထွက်နေပြီး တိုက်ခန်းတစ်ခုလုံးမှာလည်း သူ့အနံ့အသက်တွေနဲ့ သူ့အသုံးအဆောင်ပစ္စည်း တွေပြည့်နှက်နေသည်။
ဒါပေမဲ့ မြတ်ဖုန်းနဲ့စစ်ချီက အမြဲ အိမ်မှာပဲ တွေ့ကြတာများပြီ အပြင်ထွက်လည်တာတို့ ဘာတို့ သိပ်မရှိပေ။
မြတ်ဖုန်းက အများအားဖြင့် ပိတ်ရက်တွေမှာ စစ်ချီဆီ အလာများ၏။ပြီးတော့ အချိန်ကလည်း အများအားဖြင့် ညဘက်တွေပဲ ဖြစ်သည်။
ပြောရရင်တော့ ပိတ်ရက်ကို သူ့ဆီမှာ သူနဲ့အတူလာအိပ်တဲ့သဘောပါပဲ ဖြစ်သည်။ပြီးရင် မနက်နိုးလာတာနဲ့ ရေမိုးချိုးပြီး ပြန်သွားခဲ့သည်။
စဉ်းစားကြည့် လိုက်တော့ သူနဲ့ မြတ်ဖုန်းက တွဲနေတာတောင် ဟုတ်ရဲ့လား လို့ စစ်ချီတွေးမိသွားသည်။
အရင်ဘ၀တုန်းကတော့ စစ်ချီ မြတ်ဖုန်း အနားမှာသာ နေနေရရင်ကို ကျေနပ်ပြီးပျော်နေခဲ့တာနဲ့ တစ်ချို့ အရာတွေမှာ စုံလုံးကန်းနေခဲ့မိသည်။
အခုတော့ သူ မြတ်ဖုန်းရဲ့ မျက်နှာဖုံးနောက်မှာရှိတဲ့ သူ့ရဲ့ သရုပ်မှန်ကို သိလိုက်ရပြီမလို့ စစ်ချီ မနူးမနပ်နဲ့ အချစ်ဆိုတာနဲ့ မျက်စိမှိတ်ယုံတတ်တဲ့ ကိုယ့်ကိုယ်ကို သာ အပြစ်တင်မိလိုက်သည်။
အဲ့တာကြောင့် ပထမဆုံး မြတ်ဖုန်းရဲ့ အငွေ့အသက်တွေရှိနေတဲ့ သူ့တိုက်ခန်းကို သန့်ရှင်းရေးလုပ်ဖို့ ပြင်ဆင်လိုက်သည်။
ခဏအကြာမှာပဲ သူ့ဖုန်းကို ဖုန်းခေါ်တဲ့အသံကြားလိုက်ရပြီး မသိတဲ့နံပါတ် တစ်ခုက ခေါ်ဆိုနေခြင်း ဖြစ်သည်။
"Hello"
"ဟုတ်ကဲ့...ဒီဖုန်းက ကိုစစ်ချီ ဖုန်းလားမသိဘူးရှင့်?"
YOU ARE READING
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...