Till My Last Breath (ကိုယ့်ရဲ့နောက်ဆုံးထွက်သက်အထိ)

119 3 0
                                    

Story Description

ကျွန်တော့်ကို‌ လောကကြီးမှာ ဘယ်အရာကို အကြောက်ဆုံးလဲလို့မေးရင် ကျွန်တော်ကတော့ "အချစ်" လို့ပဲ ချက်ချင်း ဖြေမိလိမ့်မယ်....မဟုတ်ဘူး တိတိကျကျ ပြောရရင် ကျွန်တော်က လူတစ်ယောက်ကို နင့်နင့်နဲနဲ ချစ်ရမှာကိုကြောက်တာ....

တချို့ လူတွေကပြောတယ်...လူတွေက အချစ်နဲ့ တွေ့ရင် စဉ်းစားဉာဏ်တွေ ကျဆင်းသွားတတ်တယ်တဲ့.... လူတွေကို အချစ်က ဘာလဲ ဘယ်လိုအရာမျိုးလဲလို့ မေးရင်လည်း သူတို့တွေက တိကျတဲ့ အဖြေကို မပေးနိုင်ကြဘူး...

ဒါပေမဲ့ ကျွန်တော်သိတာကတော့ အချစ်လို့ ခေါင်းစဉ်တပ်ပြီး လှည့်စားနေတဲ့လူတွေလည်း အများကြီးပဲ...အချစ်နဲ့ လိုချင်တောင့်တမှု စွဲလမ်းမှု ကို တူတယ်လို့ ထင်တဲ့သူတွေလည်း ရှိသေးတယ်...အချစ်က ရှုပ်ထွေးတယ် ပူလောင်တယ် ...အဲ့ဒါကြောင့် ကျွန်တော် အချစ်နဲ့ ဝေးဝေးမှာ နေဖို့ ဆုံးဖြတ်ခဲ့တယ်...

ဒါပေမဲ့ လူတစ်ယောက်ကြောင့် ကျွန်တော်ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ ဖြစ်လာခဲ့တယ်...

အဲ့လူသားလေးကို မြင်ရင် အမြဲ ဂရုစိုက်ပေးချင်ပြီး သူ့မျက်လုံး ကနေ စီးဆင်းလာတဲ့ မျက်ရည်တွေကို သုတ်ပေးချင်တယ်...သူ့ရဲ့ မျက်နှာပေါ်က အပြုံး တွေ မပျောက်ပျက် အောင် ကာကွယ်စောင့်ရှောက်ပေးချင်တယ် ....

သူ့အပြုံးလေးကို မြင်တာနဲ့ ရင်ထဲမှာ နွေးထွေးသွားတယ်...ဒီခံစားချက်က အချစ်ဆိုရင် သူ အဲ့ဒီ လူသားလေးကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာကနေ ချစ်တယ်.....သူ ဒီလူသားလေးကြောင့်ပဲ အချစ်က ပူလောင်တယ်ဆိုတာဟုတ်ရဲ့လားလို့ ‌တွေးထင်မိလာတယ် ....

ဒါပေမဲ့ အဲ့ဒီလူသားလေးကပဲ အချစ်က ပူလောင်တယ်ဆိုတာ သက်သေပြပေးခဲ့တယ်.....ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလူသားလေးရဲ့ အချစ်တွေနဲ့ပြည့်နှက်နေတဲ့ မျက်၀န်းတွေက ဘယ်တော့မှ ကျွန်တော့်အတွက် မဖြစ်လာနိုင်ဘူး ဆိုတာ နောက်ဆုံးထွက်သက်အထိ သိအောင် လုပ်ပေးခဲ့လို့ပေါ့🥀.......
                                                        ပိုင်ပြည့်

Character Introduction

ပိုင်ပြည့်

အလုပ်အကိုင် -G Electronic Company Sales departmentရဲ့ Team 1 leader
Personality-အနေအေးပြီးစကားနည်းသူ
Height-185cm(6 ft)
ဝါသနာ-Cooking
Birthday-23.7.1991

ကျွန်တော် လူတစ်ယောက်ကို နင့်နစ်နဲနဲ ချစ်ခဲ့ဖူးပါတယ်...နှလုံးသားကို ပေးခဲ့မိတဲ့သူက လက်နဲ့ ရက်ရက်စက်စက် ခြေမွပစ်ရုံတင်မက ခြေထောက်နဲ့ပါ နင်းပြီး ထားပစ်ခဲ့တယ်...တစ်စစီ ပြန်ကောက်ယူခဲ့တဲ့ နှလုံးသားလေးက ပြန်ဆက်ထားရပင်မဲ့ အကောင်းတိုင်းတော့ ပြန်ဖြစ်မသွားခဲ့ပဘူး...အက်ကွဲရာတွေ ဗလပွနဲ့ နှလုံးသားကို နောက်လူတစ်ယောက်ကို ပေးလိုက်ရင် ထပ်ကွဲသွားမှာကို စိုးရိမ်မိတယ်....အချစ်က ပူလောင်လွန်းပါတယ်...

ဒါပေမဲ့ ကွဲနေတဲ့ နှလုံးသားလေးကို တယုတယနဲ့ ဂရုစိုက်ပေးနေတဲ့ လူနဲ့ ဆုံလိုက်ရတဲ့အခါမှတော့ ခံစားချက်တွေက နွယ်ပင်တွေလို တရစ်ရစ်နဲ့ ရစ်တွယ်လာခဲ့တယ်...

ချစ်ခြင်းမေတ္တာတွေ ခေါင်ပါးတဲ့အရပ်မှာနေခဲ့တဲ့ ကျွန်တော့်ကို မေတ္တာတွေနဲ့ ပက်ဖြန်းပေးပြီး အကြင်နာအားဆေးတွေ ထည့်ပေးပါ...ပြီးရင် အချစ်အလင်းရောင်တွေနဲ့ ဂရုတစိုက် ပျိုးထောင်ပေးပါ.....မုန်တိုင်းတွေလာတဲ့အခါကြရင်တော့ သစ္စာတရား‌ထောက်တိုင်တွေနဲ့ ကာကွယ်ပေးပါ....ရလဒ်အနေနဲ့ ပင်ပန်းတဲ့အခါ အနားယူစရာ နေရာ အဖြစ် အသုံးပြုနိုင်သလို အချစ်အသီးအပွင့်တွေကိုလည်း ကြိုက်သလောက် သုံးဆောင်နိုင်ပါတယ် လူကြီးရေ....

                                                         စစ်ချီ

Character Introduction

စစ်ချီ

အလုပ်အကိုင်-Sales departmentရဲ့ ၀န်ထမ်း
Personality-သွက်သွက်လက်လက်ရှိပြီး လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်ပြီး မျက်ရည်လွယ်သူ
Height-172cm(5ft7)
ဝါသနာ-Drawing, Knitting
Birthday-10.3.1998

Till My Last BreathOpowieści tętniące życiem. Odkryj je teraz