*CHAPTER-19*

13 3 0
                                    

စစ်ချီ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကို ပြုံးပြီးကြည့်နေတဲ့ ပိုင်ပြည့်ကို တွေ့လိုက်ရသည်....သူမြင်ဖူးတဲ့ ပိုင်ပြည့်ရဲ့ အပြုံးတွေထဲက အလှဆုံးနဲ့ အနူးညံ့ဆုံးအပြုံး တစ်ပွင့်ပါပဲ...

စစ်ချီ စူးစိုက်ပြီးကြည့်နေတော့ ရှက်သွားပုံရတဲ့ ပိုင်ပြည့်က မျက်နှာချက်ချင်း ပြန်တည်သွားကာ

"Happy Birthday စစ်ချီ"

"ဟုတ်ကဲ့...ကျေးဇူးပါ အဖွဲ့မှူး.."

"ဖယောင်းတိုင် မမှုတ်ဘူးလား"

"ဟိုလေ အဖွဲ့မှူး...ကျွန်တော် ကိတ်ကို ဓာတ်ပုံရိုက်လို့ ရမလားဟင်?"

"ဟင်!?ရိုက်လေ...ဒါက မင်းရဲ့ ကိတ်မုန့်ဖြစ်သွားပြီပဲကို..ငါ့ဆီမှာ ခွင့်တောင်းစရာမလိုပါဘူး..."

ပိုင်ပြည့်ဆီက အတည်ပြုချက်ရပြီးသွားတာနဲ့ စစ်ချီ ဖုန်းကိုထုတ်ကာ ကိတ်မုန့်ကို ဘက်ပေါင်းစုံကနေ ရိုက်နေတော့သည်....

ပြီးတော့ ကိတ်မုန့်ကို ကိုင်ပြီး selfie ရိုက်မလို့လုပ်ပင်မဲ့ ကိတ်မုန့်ကတစ်ဖက် ဖုန်းကတစ်ဖက်နဲ့ အဆင်မပြေဘူး ဖြစ်နေ၏....

"အဟမ်း!"

"ဟီး...အဖွဲ့မှူး စိတ်မရှည်တော့ဘူးထင်တယ်...ဒါဆိုရင်လည်း ကျွန်တော် အိမ်ရောက်မှ ရိုက်တော့မယ်"

"ဖုန်းပေး.."

"ခင်ဗျာ!"

"မင်းရဲ့ဖုန်း ငါ့ကိုပေးလို့....ငါရိုက်ပေးမယ်"

စစ်ချီ ရုတ်တရက် ဆွံ့အနေမိသည်...စစ်ချီက တစ်ခုခုစားတာဖြစ်ဖြစ် နေရာလှလှလေးတွေ ရောက်ရင် ဖြစ်ဖြစ် အမြဲဓာတ်ပုံရိုက်တတ်ပါသသည်...ထိုအချိန်တိုင်း မြတ်ဖုန်းက စိတ်မရှည်စွာနဲ့ မင်းဟာက မပြီးတော့ဘူးလား ဟုအမြဲပြောတတ်သလို...သူ့ကို ဓာတ်ပုံရိုက်ပေးဖို့မပြောပါနှင့် သူဓာတ်ပုံရိုက်နေရင်ပင် အမြဲ ငြူစူနေတတ်သည်...

"ပေးလေ.."

"ဟို..."

စစ်ချီ ပေးရင်ကောင်းမလား ‌မပေးရင်ကောင်းမလား စဉ်းစားနေတုန်းမှာပဲ ပိုင်ပြည့်က ဖုန်းကို ဆွဲယူသွားကာ

"ရိုက်တော့မယ်နော်...one two three..."

ချလပ်

"မင်း မပြုံးတော့ဘူးလား စစ်ချီ...မင်းက မင်းရဲ့မွေးနေ့မဟုတ်ဘဲ တစ်ယောက်ယောက်ရဲ့ နာရေးကို ရောက်နေတဲ့ လူလိုပဲ..."

Till My Last BreathWhere stories live. Discover now