*CHAPTER-21*

9 2 0
                                    

အလင်းရောင် ကောင်းစွာ မရှိသေးတဲ့ မနက်ဝေလီဝေလင်း ၄နာရီအချိန် ဖြစ်သည်..

လူ အယောက် ၇၀ကျော်လောက် ဟိုတစ်စု ဒီတစ်စုနဲ့ စကားပြောနေကြရာ စကားပြောသံများက တိုးမပေါက်နိုင်အောင် ဖြစ်နေ၏....

စိတ်လှုပ်ရှားနေကြသူများလည်း ရှိသလို မနက်အစောထလာရ၍ အိပ်ရေးမ၀သူများလည်း ရှိနေ၏....

ထိုထဲတွင် ပထမဆုံး လူအများကြီးနှင့် ခရီးသွားရ၍ ပျော်လည်းပျော် ရင်လည်းတုန်နေသော စစ်ချီလည်း အပါအ၀င်ဖြစ်သည်...

စစ်ချီ တစ်ညလုံး အိပ်မပျော်၍ တစ်ရေးတောင် မအိပ်ရသေးပါ....လေ့လာရေးခရီး ပထမဆုံးသွားမဲ့ အလယ်တန်းကျောင်းသားလေး တစ်ယောက်လို ခံစားနေရသည်....

ကျောပိုးအိတ်ထဲမှာ ကျန်ခဲ့တာများ ရှိသေးလား ဆိုပြီး စစ်ဆေးနေမိ၏...ကလောကို အရင်က ခရီးသွားဖူးတဲ့ ဆုခြည်ရှင်ကလည်း အ၀တ်အစား ထူထူထဲထဲတွေ အတင်း ထည့်ပေးလိုက်သည်...တစ်ညအိပ်ခရီးလေးပဲ သွားတာလို့ ပြောတာတောင်မရပါ...အိမ်အထိ လာပြီးတောင် အထုတ်အတူ လာပြင်ပေး၏ ...လမ်းခရီးမှာ ဗိုက်ဆာရင် စားလို့ရအောင် ဆိုပြီး မုန့်တွေလည်း အများကြီး ၀ယ်ထည့်ပေးလိုက်သေးသည်...ဆုခြည်ရှင်က စစ်ချီကို သူငယ်ချင်းလိုမျိုး ဂရုစိုက်ပေးသလို အမတစ်ယောက်လိုမျိုးလည်း စောင့်ရှောက်ပေးသည် ...

စစ်ချီ ပစ္စည်းတွေ စစ်နေတုန်းမှာပဲ သူ့ ဖုန်း ringtoneသံကို ကြားလိုက်ရသည်....

"နှင်းတွေလည်း ကျနေပြီ~
ဒီဆောင်းမြောက်လေ မြူးသည်~
အခုတော့ သိပြီ ~
သူ့ကို ကိုယ်ချစ်သည်~"

"ဟယ်လို"

"စစ်ချီ နင်တို့ ကားထွက်ပြီလား"

"မထွက်သေးဘူးဟ"

"‌ဟုတ်လား?"

"အေး"

"နင် ကားမူးပျောက်ဆေးရော ပါသွားလား?"

"အေး...ပါတယ်...နင်ကလည်းဟာ..ကျောင်းလေ့လာရေးခရီး သွားမဲ့ ကလေးကို အမေက စိတ်ပူနေသလိုမျိုးကြီး.."

"ဟဲ့ ...စိုးရိမ်လို့ပြောနေတာ...."

"အေးပါ...နင် ငါ့ကို စိုးရိမ်လို့ ပြောတာကို သိပါတယ်"

Till My Last BreathDonde viven las historias. Descúbrelo ahora