*CHAPTER-12*

8 3 0
                                        

စစ်ချီ  လေးရက်လောက်ကို အိမ်မှာပဲ စားလိုက် အိပ်လိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ပဲ အချိန်ဖြုန်းနေရင်း သူ့ရဲ့ပထမဆုံး အလုပ်ဆင်းရမဲ့ရက်ကို ရောက်ရှိလာသည်...

ပထမဆုံး အလုပ်ဆင်းရက်မလို့ သူ့ကို တခြားသူတွေ impressionကောင်းကောင်းကျန်ခဲ့ဖို့ လိုတာမလို့ သူအစောကြီး ထပြီး ပြင်ဆင်နေမိသည်..

စစ်ချီမှန်ထဲမှာ သူ့ကိုယ်သူကြည့်ရင်း ကျေနပ်တဲ့အထိကြည့်နေပြီး ခဏအကြာမှာတော့ ရုံးကို ထွက်လာလိုက်၏...စစ်ချီ securityကိုနှုတ်ဆတ်လိုက်ရင်း သူတို့ ဌာနတဲ့အထပ်ကိုသွားဖို့ ဓာတ်လှေကားကို စောင့်နေလိုက်သည် ...

ပိုင်ပြည့် ကုမ္ပဏီထဲကို ၀င်၀င်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခြေလှမ်းတွေ ရပ်တန့်သွားသည်...ပထမဆုံး အလုပ်ဆင်းရက်မလို့ ကြော့မော့နေအောင် ပြင်ဆင်လာတဲ့ ကောင်လေးကို ဓာတ်လှေကားရှေ့မှာ မြင်တွေ့လိုက်ရသည်လေ...

ပိုင်ပြည့် သူလာတုန်းက ပိတ်နေတဲ့ ကားလမ်း တွေကိုတောင် စိတ်ထဲကြိတ်ပြီး ကျေးဇူးတင်လိုက်မိသည်...

စစ်ချီ စောင့်နေလို့ မိနစ်ပိုင်းလောက်အကြာမှာ သူ့ဘေးနားကို လူရိပ်တစ်ခုကျလာခဲ့လို့ သူ ဘေးကိုစောင်းကြည့်လိုက်တော့ အဖွဲ့မှူးပိုင်ပြည့်ကို တွေ့လိုက်ရ၏...

"မောနင်းပါ အဖွဲ့မှူး..."

"မောနင်း"

ပိုင်ပြည့် ဟာ တီးဝိုင်းတစ်ခုလို မြည်တီးနေတဲ့ သူ့ရဲ့ ရင်ခုန်သံတွေကို စစ်ချီ ကြားသွားမှာကိုတောင် စိုးရိမ်မိလို့ သူ့ရဲ့ ဘယ်ဘတ်ရင်အုံကို လက်ဖြင့် အသာအယာ ဖိထားမိသည်....

ဓာတ်လှေကားကို စောင့်နေရင်း တဖြည်းဖြည်းနဲ့ လူတွေများလာခဲ့သည်....ခဏအကြာတော့ ဓာတ်လှေကား‌ ရောက်လာခဲ့ပင်မဲ့ စစ်ချီက ၀န်ထမ်း အသစ်ဖြစ်တဲ့အတွက်ကြောင့် စီနီယာတွေကို ဦးစားပေးလိုက်၏...

နောက်ဆုံး တစ်ယောက်ပဲ တက်လို့ရတဲ့ အချိန်မှာ စစ်ချီက ဘေးက နောက်ဆုံးကျန်တဲ့ ပိုင်ပြည့်ကို စောင်းကြည့်ပြီး

"အဖွဲ့မှူး အရင် စီးလိုက်ပါ... "

"ရတယ်....နောက်တစ်ခေါက်ပဲ စောင့်လိုက်တော့မယ်..."

Till My Last BreathOnde histórias criam vida. Descubra agora