လူတိုင်း သူတို့ ယူလာတဲ့ အစားအသောက်တွေကို အားရပါးရ စားနေကြပြီး စစ်ချီလည်း ဗိုက်ဆာဆာနဲ့ အားရပါးရစားမယ်ဆိုပြီး လုပ်ပြီးမှ အချဉ်ယူဖို့ မေ့သွားမှန်း သိလိုက်ရသည်...
အဲ့တာကြောင့် ထပြီး သွားယူဖို့ လုပ်တုန်း ဘေးမှာထိုင်နေတဲ့ ကျော်ဇင်က စစ်ချီရဲ့လက်ကို လှမ်းဆွဲလိုက်ကာ
"စစ်ချီ မင်း အချဉ်ယူဖို့ မေ့သွားတာမလား??အကို အချဉ်အများကြီး ယူလာမိလို့.. အကိုနဲ့ပဲ အတူတူ စားလိုက်...သွားမယူနဲ့တော့..."
"ဟုတ်ကဲ့ ..ကျေးဇူးပဲနော် ကိုကျော်ဇင်.."
စစ်ချီလည်း အမှန်တိုင်းပြောရရင် စားခါနီးမှ သွားယူရမှာမလို့ စိတ်ညစ်နေတုန်း ကယ်တင်ရှင်ကို တွေ့လိုက်ရလို့ ပျော်ရွှင်သွား၏...
စစ်ချီ အိုးထဲက ကြက်သားဖတ်ကို အချဉ်နဲ့ တို့ပြီး စားဖို့ လုပ်တုန်း လူတစ်ယောက်ရဲ့ တားဆီးခြင်းကို ခံလိုက်ရပြန်သည်...
"ခဏလေး!!!စားလို့မရဘူး!!!"
"ခင်ဗျာ!?"
"အချဉ်ထဲမှာ မြေပဲတွေပါနေတယ်...မင်း မြေပဲနဲ့ မတည့်ဘူးမလား...!?"
စစ်ချီ အချဉ်ထဲမှာ ပါတဲ့ အဖြူရောင် အဖတ်လေးတွေကို သေချာ ကြည့်လိုက်တော့ ကြက်သွန်ဖြူဖတ်တွေသာ ဖြစ်၏...
"အဖွဲ့မှူး ဒီဟာက ကြက်သွန်ဖြူတွေပါ...မြေပဲ မဟုတ်ဘူး..."
"ဟင် ဟုတ်လား? "
သူတို့ နှစ်ယောက်ထဲ တစ်ကမ္ဘာ ဖြစ်နေတဲ့ စစ်ချီနဲ့ပိုင်ပြည့်က သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းက ဘယ်လောက် ထူးဆန်းနေလဲဆိုတာကို သတိမထားမိကြဘူး...ဘေးက ပွဲကြည့်ပရိသတ် ကျော်ဇင်ကပဲ မနေနိုင်မထိုင်နိုင် ဖြစ်ကာ ၀င်မေးလိုက်၏...
"အဖွဲ့မှူး..အဖွဲ့မှူးက ဘယ်လိုလို့ စစ်ချီက မြေပဲနဲ့မတည့်မှန်း သိနေရတာလဲ??"
ပိုင်ပြည့် အဲ့အချိန်မှ သူ မစဉ်းစားမဆင်ခြင်ဘဲ ဆိုးရွားတဲ့ ကိစ္စကို လုပ်လိုက်မိတာကို သိသွားရသည်...စားပွဲမှာ ရှိတဲ့ ကျန်အဖွဲ့၀င်တွေ အကုန်လုံးကလည်း ပိုင်ပြည့်ကို မျက်နှာမှာ question markတွေနဲ့ စိုက်ကြည့်နေကြ၏...
YOU ARE READING
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...