*CHAPTER-8*

15 2 0
                                    

စစ်ချီ အလုပ်ရတဲ့အကြောင်းကို နယ်မှာရှိတဲ့ အဘွားဖြစ်သူကို လှမ်းပြောဖို့ အတွက် ဖုန်းခေါ်လိုက်သည်။

"ဟယ်လို"

အဘွားရဲ့ အသံကို ကြားပြီး စစ်ချီရဲ့ရင်ထဲမှာ ဆို့တက်လာ၏။မငိုမိဖို့ အားတင်းထားပင်မဲ့ မျက်ရည်တွေက သစ္စာဖောက်ကာ ဆည်ကျိုးသလို လျှံထွက်လာခဲ့သည်။သူ ငိုနေမှန်း အဘွားမသိအောင် အသံကို ထိန်းပြောလိုက်သည်။

"ဖွားဖွား နေကောင်းတယ်မလား.."

"ကောင်းပါတယ် မြေးရယ်။မြေးရော နေရထိုင်ရတာ အဆင်ပြေရဲ့လား?? အသံက ဘာဖြစ်‌နေတာလဲ?စစ်ချီ မြေးလေး ငိုနေတာလား??"

"မဟုတ်ပါဘူး ...ဖွားဖွားကလည်း ငိုစရာလား?"

"မြေးလေး...ဘာစိတ်ပူစရာကိစ္စများရှိနေလို့လဲ??"

"ဘာမှစိတ်ပူစရာမရှိဘူး...သား အလုပ်ရသွားပြီဖြစ်တဲ့ အကြောင်း ဖွားဖွားကို လှမ်းကြွားတာ.."

"ဟော...တော်သေးတာပေါ့..မဟုတ်တောင် မြေးရဲ့ အလုပ်အတွက်စိတ်ပူနေတာ။အဆင်ပြေသွားတာပေါ့.."

"ဟုတ်တယ် ဖွားဖွားရဲ့။ ပြီးတော့ အခုတလော အလုပ်ရှုပ်နေလောက်မယ် ထင်တယ် ဖွားဖွား။ဒါပေမဲ့ အားလပ်ရက်ရတာနဲ့ သား လာလည်မယ်နော်"

"အမယ်လေး..ရပါတယ် မြေးရယ်။ ကိုယ့်ဘာသာ ဂရုစိုက်။ အစားလည်း သေချာဂရုစိုက်စားနော်"

"ဟုတ်ကဲ့ပါ စိတ်မပူပါနဲ့ ဖွားဖွားရဲ့။ဖွားဖွားလည်း ‌ကျန်းမာရေးဂရုစိုက်နော်"

စစ်ချီ ဖုန်းချပြီး အိမ်သန့်ရှင်းရေးဆက်လုပ်ဖို့ လုပ်လိုက်သည်။

စစ်ချီ အိမ်သန့်ရှင်းရေး လုပ်နေတာ အချိန် ဘယ်လောက်ကြာသွားသလဲ ကိုတောင် မသိနိုင်ဖြစ်နေ၏။

ရုတ်တရက် သူ့ ဖုန်းရဲ့ ringtone အသံကို ကြားလိုက်ရသည်။Screenပေါ်မှာ ပေါ်နေတဲ့ နာမည်တစ်ခုကြောင့် စက္ကန့်ပိုင်းလောက် စစ်ချီရဲ့ လှုပ်ရှားမှု အစုံ ရပ်တန့်သွားခဲ့သည်။

ဖုန်းခေါ်ဆိုနေတဲ့သူက သူရဲ့ အလယ်တန်းထဲက သူငယ်ချင်း ဆုခြည်ရှင် ဖြစ်နေသည်။

သူ ဖုန်းကို ချက်ချင်း ကိုင်လိုက်ကာ..

"Hello..."

Till My Last BreathWhere stories live. Discover now