စစ်ချီ အလုပ်လုပ်တာ သုံးပတ်လောက်တောင် ကျော်သွားပြီ ဖြစ်၏...သူ အရင်ဘ၀တည်းက နှစ်နှစ်တောင်လုပ်လာတဲ့ အလုပ်မလို့ အလုပ်လုပ်တဲ့နေရာမှာတော့ အခက်အခဲ ကြီးကြီးမားမားတော့ မရှိပါပေ...
ပြီးတော့ မြတ်ဖုန်းနဲ့ လမ်းခွဲပြီးနောက်မှာ မြတ်ဖုန်းရဲ့ အကျင့်စရိုက်အရ ပြဿနာရှာမှာ စိုးရိမ်ခဲ့ပင်မဲ့ သုံးပတ်အတွင်းမှာ မြတ်ဖုန်းဘက်က လုံး၀ အဆက်အသွယ်မလုပ်ခဲ့တဲ့ အတွက်ကြောင့် အနည်းငယ်တော့ စိတ်အေးခဲ့ရသည်...
ဆုခြည်ရှင်ကတောင် မြတ်ဖုန်း စစ်ချီဆီ လာပြီး ပြဿနာရှာမှာစိုးလို့ နေ့တိုင်းဖုန်းဆက်ပြီး သတင်းမေးနေခဲ့သေးသည်...
အိမ်ကို လာပြီး မနှောင့်ယှက်ပင်မဲ့ ရုံးမှာကတော့ တွေ့နေရမှာမလို့ ပူပင်နေခဲ့ပင်မဲ့ မြတ်ဖုန်းက သူ့ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင်မထင် ဆိုသလိုပဲ လုံး၀ကို လျစ်လျူရှူထားခဲ့သည်...တစ်ခါတစ်လေတော့ ဘာမှန်းမပြောတတ်တဲ့ အကြည့်စူးစူးတွေနဲ့ လှမ်းကြည့်တတ်တာက လွဲလို့ပေါ့...
ထင်ရတာတော့ စစ်ချီဘက်က ပြန်စပြီး ခေါ်တာကို စောင့်နေပုံ ပေါ်သည်...ပြီးတော့ သူ့ဘက်ကစပြီး မြတ်ဖုန်းကို လမ်းခွဲစကားဆိုလိုက်ခြင်းက မြတ်ဖုန်းရဲ့ မာနကို ပမာဏ တော်တော်များများအထိ ထိခိုက်သွားခဲ့ပုံပါပဲ...
စစ်ချီ အခု သူ အဖွဲ့ ၁ ကို ရွေးချယ်လိုက်ခြင်းက တကယ့်ကို မှန်တဲ့ဆုံးဖြတ်ချက်လို့ပဲ ထင်မိ၏...အဖွဲ့ ၁ ကစီနီယာတွေက သူ့ကို အမြဲ ဂရုစိုက်ကြသလို အဖွဲ့မှူး ဖြစ်တဲ့ ပိုင်ပြည့်ကလည်း သူတွေးထားထင်ထားတဲ့ ပုံစံနဲ့တကယ် ကွာခြားနေခဲ့သည်...
သူ အရင်ကတည်းကတော့ ပိုင်ပြည့်က အလုပ် ကြိုးစားပြီး ထက်မြက်တဲ့သူ မှန်း သိပင်မဲ့ သူ ထင်ထားတာက ပိုင်ပြည့်က သူ့အလုပ်ကလွဲပြီး သူများတွေအတွက် မတွေးပေးတတ်တဲ့ သူဖြစ်ပြီး လူမှုဆက်ဆံရေး သိပ်မကောင်းတဲ့ သူလို့ထင်ထားခဲ့တာဖြစ်သည်...
ဒါပေမဲ့ အခု သူ အဖွဲ့ ၁ မှာ စပြီး အလုပ်လုပ်ကတည်းက အဲ့တာက လုံး၀ကို မှားယွင်းနေတယ်ဆိုတာကို သိလိုက်ရသည်...
YOU ARE READING
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...