*CHAPTER-18*

17 3 1
                                    

စစ်ချီအလုပ်လုပ်နေတဲ့ ရက်တွေဟာ မကြာသလိုလိုနဲ့ သုံးလကျော်လောက် ကြာမြင့်သွားခဲ့သည်...

ကိစ္စထွေထွေထူးထူး မရှိပင်မဲ့ အရင်ဘ၀ကလို ဖြတ်သန်းနေတဲ့ နေ့စဉ်ဘ၀မှာ မြတ်ဖုန်းမရှိတော့တာကြောင့် မတူညီတဲ့ ကိစ္စရပ်ကလေးတွေရှိလာသလို သက်ဆိုင်သူ မရှိတော့တာကြောင့် ဘေးကလူတွေကို ပိုအာရုံစိုက်မိလာသည်....

အရင်ကတော့ မြတ်ဖုန်းမျက်နှာ တစ်ကမ္ဘာထင်ခဲ့တာမလို့ ဘေးလူတွေကို ဂရုမစိုက်မိခဲ့ဘူး...အချစ်ကြောင့် မျက်ကန်းဖြစ်တယ် လို့ ပြောရမှာပေါ့....

မြတ်ဖုန်းရဲ့ ကောလဟာလ သတင်းတွေကိုလည်း ထမင်းစားလို့ အနားယူချိန်မှာ အမတွေပြောလို့ ခပ်သဲ့သဲ့ကြားနေခဲ့ရသည်...

မြတ်ဖုန်းက ဌာနမှူးဆည်းဆာသွင်ကို လိုက်နေတယ် ဆိုတာတွေရော...မြတ်ဖုန်းကို ရွက်ယောင်နဲ့ shopping ထွက်တာကိုတွေ့လိုက်တယ်ဆိုတာတွေရော...Barမှာ ကောင်လေးတစ်ယောက်နဲ့ ပွတ်သီးပွတ်သပ်လုပ်နေတာကို တွေ့လိုက်တယ်ဆိုတာတွေရော....မကြားချင်မှတစ်ဆုံး အကုန်ပြန်ကြားနေရတာ ဖြစ်သည်...

သူနဲ့ ကုမ္ပဏီမှာ မျက်နှာချင်းဆိုင်တွေ့ရတဲ့ အချိန်တွေမှာတော့ မြတ်ဖုန်းကပုံမှန်လူတစ်ယောက်လိုပါပဲ...အရင်လို ခနဲ့တာတွေလည်း မရှိသလောက်ပါပဲ...ဒါပေမဲ့ အရင်လို အချစ်ကြောင့် မျက်ချေးတွေ ပိတ်နေတဲ့ မျက်လုံးကို ဖွင့်ကြည့်လိုက်မှ မြတ်ဖုန်းက ရွံ့ဖို့ အတော်ကောင်းတဲ့လူဖြစ်ကြောင်းသိလိုက်ရသည်...

ဒါပေမဲ့ ထူးဆန်းတဲ့ကိစ္စရပ်တစ်ချို့တစ်လေတော့ စစ်ချီဆီမှာ ဖြစ်ပျက်နေသည်...အဲ့တာကတော့ သူ့ရဲ့မျက်နှာချင်းဆိုင်နေရာမှာ ထိုင်နေတဲ့ အဖွဲ့မှူး ပိုင်ပြည့်ပဲ ဖြစ်၏...

သူ့ကို ခိုးခိုးကြည့်တဲ့ အကြည့်တွေကိုလည်း မသိချင်ယောင်ဆောင်နေပင်မဲ့ ခဏခဏ သတိထားမိပြီးတော့ ပိုင်ပြည့်ရဲ့ စစ်ချီအပေါ် အဖွဲ့သားတစ်ယောက်ကို ဆက်ဆံတာထက် ပိုတဲ့ ဂရုစိုက်မှုတွေကလည်း မမြင်ချင်မှ အဆုံးဖြစ်သည်...

စစ်ချီ ညဘက် အိမ်ပြန်ဖို့ busကားလွတ်သွားတိုင်း အိမ်ပြန်ပြန်လိုက်ပို့ပေးတတ်ပြီး အိမ်ပေါ်တက်ဖို့ ခေါ်တိုင်း အတင်းငြင်းကာ ပြန်ပြန်သွားလေ့ရှိသည်...စစ်ချီ မျက်နှာမကောင်းတိုင်း နေမကောင်းဖြစ်နေတာလားဆိုပြီး အမကြည်ပြာကို မေးမေးခိုင်းတာမျိုးလည်း ရှိသေး၏...

Till My Last BreathWhere stories live. Discover now