စစ်ချီ မျက်နှာချင်းဆိုင်က အလုပ်လုပ်နေတဲ့ ပိုင်ပြည့်ကို ခဏခဏ ခိုးခိုးကြည့်မိသည်။ ကွန်ပြူတာ စခရင်ကို အာရုံစူးစိုက်မှု အပြည့်နှင့်ကြည့်နေပြီး အလုပ်လုပ်နေတဲ့ ပိုင်ပြည့်ရဲ့ပုံက ကြည့်လို့အတော်ပင် ကောင်းသည်။
ဒါပေမဲ့ ဒီနေ့ စစ်ချီ ပိုင်ပြည့်ဆီကနေ မျက်လုံးမခွာနိုင်တဲ့ အကြောင်းပြချက်ကတော့ ပိုင်ပြည့်ရဲ့ မျက်နှာပေါ်က မျက်မှန်လေးဆီမှာ အရင်းခံနေ၏။ ပိုင်ပြည့်က ရုံးမှာ အလုပ်လုပ်ရင် တစ်ခါတစ်လေ မျက်မှန်တပ်လေ့ရှိသည်။
အရင်ကတော့ ပိုင်ပြည့် ဘာလုပ်လုပ် စစ်ချီ ဖာသိဖာသာပဲ နေခဲ့ပင်မဲ့ အခုကတော့ ပိုင်ပြည့် ဘာလုပ်လုပ် စစ်ချီ စိတ်၀င်စားနေမိသည်။ တစ်ခါတစ်လေ စစ်ချီတောင် မသိလိုက်ဘဲ မျက်လုံးတွေက ပိုင်ပြည့်နောက် လိုက်နေမိသည်။
စစ်ချီကသာ ဂနာမငြိမ် မရိုးမရွ ဖြစ်နေတာ ပိုင်ပြည့်ကတော့ အရင်အတိုင်း အေးအေးဆေးဆေးပင်။ စစ်ချီကို ခံစားချက်တွေ အပြည့်နှင့် ဖွင့်ပြောခဲ့တဲ့ လူရော ဟုတ်ရဲ့လားဟု သံသယ ၀င်မိသည်။
ပိုင်ပြည့် အရှေ့ခုံကနေ စိုက်ကြည့်နေတဲ့ ကောင်လေးရဲ့ အကြည့်ကြောင့် ခြေဖျားလက်ဖျားတွေပင် အေးလာရသည်။ဒါပေမဲ့ အလုပ်မှာဆိုရင်တော့ ပိုင်ပြည့်က အထက်လူကြီး တစ်ယောက်အဖြစ် တာ၀န်ယူရမဲ့ အလုပ်တွေ စောင့်ထိန်းရမဲ့ စည်းမျဉ်းတွေ ရှိနေသေးတာမလို့ အတတ်နိုင်ဆုံး စိတ်ကို ထိန်းချုပ်ထားရသည်။
စစ်ချီကတော့ ပိုင်ပြည့်ရဲ့ ဒုက္ခကို မရိပ်မိသလို နေနိုင်လွန်းတဲ့ ပိုင်ပြည့်ကို နားမလည်နိုင် ဖြစ်နေ
မိသည်။အခုဆို စစ်ချီနေမကောင်းဖြစ်ပြီး ပိုင်ပြည့် အိမ်ကိုလာခဲ့တာတောင် တစ်လ ကျော်သွားပြီဖြစ်သည်။ အဲ့နေ့ကဆို စစ်ချီ အချိန်အတော်ကြာတဲ့အထိ ပိုင်ပြည့် ရင်ခွင်ထဲ ခေါင်းကြီး အပ်ပြီး ငိုနေမိတာ ဖြစ်သည်။ပိုင်ပြည့်ကလည်း စစ်ချီ အငိုတိတ်တဲ့အထိ ငိုခိုင်းထားခဲ့သည်။
အဲ့နေ့ကစပြီး တစ်ခုခုပြောင်းလဲသွားမယ်ထင်ထားခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ အရင်အတိုင်း ပုံမှန်လိုသာ။တစ်ခုတော့ ရှိသည်။ သူတို့နှစ်ယောက်ကြားက ပုံမှန် ဆိုသည့်စကားလုံးက အခြားသူများရဲ့ ပုံမှန်နဲ့တော့ အနည်းငယ် အဓိပ္ပါယ် ကွဲပြားနေပါလိမ့်မည်။
YOU ARE READING
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...