*CHAPTER-41*

13 2 0
                                    

တက် တက် တက်

အခန်းထဲမှာ နာရီလက်တံ ရွေ့လျားနေတဲ့သံက ထိတ်လန့်တုန်လှုပ်ဖွယ်။ထို့အပြင် ပိုင်ပြည့် စားပွဲကို လက်ဖြင့်ခေါက်နေသည့် တဒေါက်ဒေါက်မြည်နေသံကိုပါ ထပ်ပေါင်းတိုးလိုက်တော့ အခန်းထဲက လေထုက လေးလံလာကာ အသက်ရှူလို့မရလောက်တဲ့အထိ မွန်းကြပ်လို့နေ၏။

ဗီဒီယိုကိုကြည့်ပြီးသွားသော်လည်း ၅မိနစ်ကျော်လောက်ကြာတဲ့အထိ ကျော်ဇင့်ဘက်မှ ဘာတုံ့ပြန်မှုမှမရှိသလို ဒီအတိုင်းငေးကြောင်ကြောင်ကြီးသာ။ ပိုင်ပြည့် ‌သူ့ရှေ့မှာထိုင်နေတဲ့  မျက်နှာပျက်နေသည့် ကျော်ဇင်ကို လှမ်းကြည့်ပြီး သက်ပြင်းငွေ့ငွေ့ချလိုက်မိသည်။

တရားခံက အဖွဲ့ထဲက လူတစ်ယောက်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်တောင် အဲ့လူက ကျော်ဇင်ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိခဲ့သလို မဖြစ်‌နေဖို့ကိုလည်း မျှော်လင့်ခဲ့မိသည်။ အဖွဲ့ထဲမှာ ကျော်ဇင်က ပိုင်ပြည့်နဲ့အတူတူ အလုပ်လုပ်ခဲ့သည့် လုပ်သက်က အကြာဆုံးဖြစ်သလို အရင်ဘ၀တုန်းက အတိုင်းသာဆိုရင် ကျော်ဇင်က အဖွဲ့တစ်ရဲ့ အဖွဲ့မှူးဖြစ်လာရမှာပင်။

ပိုင်ပြည့် အရင်ဘ၀တုန်းက မတူတော့သည့် ပြဿနာပေါင်းမျိုးစုံကို ကြုံတွေ့နေရသည်မလို့ စိတ်ရှုပ်မိသလို ဘာတွေဖြစ်နေလဲဆိုတာကိုလဲ နားမလည်နိုင်တော့ပါ။ 

စဉ်းစားကြည့်တော့ အရင်ဘ၀တုန်းက ကုမ္ပဏီမှာ စစ်ချီအလုပ်လုပ်နေတဲ့အချိန်အတောအတွင်း အချက်အလက်ပေါက်ကြားတာမျိုးမရှိခဲ့ပေ။ဘာလို့ အခြေအနေတွေက ပြောင်းလဲသွားရသလဲ? အခုချိန်အထိ ကုမ္ပဏီက အလုပ်ကိစ္စတွေက အရင်ဘ၀က‌နဲ့ ပြောင်းလဲမှုတစ်စုံတစ်ရာမရှိခဲ့ပေ။ဘာလို့များ အခုမှ ဒီလိုပြဿနာတစ်ရပ်ကထွက်ပေါ်လာရတာလဲ?

အရင်ဘ၀တုန်းက နဲ့မတူတာဆိုလို့ ပိုင်ပြည့်နဲ့စစ်ချီ ဆက်ဆံရေးသာရှိပါ‌လိမ့်မည်။ ထိုအချက်က ဒီလိုမျိုး မြောက်မြားစွာသော မတူညီတဲ့ ကိစ္စရပ်တွေက ဆောင်ကြဉ်းပေးလာခဲ့သည်တဲ့လား?

ဒါပေမဲ့ စစ်ချီနဲ့သူနဲ့ ဆက်ဆံရေးပြောင်းလဲမှုက အလုပ်လုပ်တာ တော်ပြီး တာ၀န်ယူမှုရှိတဲ့ ကျော်ဇင်က ဒီလိုမျိုးလုပ်ရပ်မျိုးကို လုပ်ရလောက်သည်အထိ အကျိုးသက်ရောက်မှုရှိစေခဲ့တယ်ဆိုတာကို ပိုင်ပြည့် လက်မခံနိုင်သေးသလို မယုံကြည်နိုင်သေးပါ။

Till My Last BreathDonde viven las historias. Descúbrelo ahora