*CHAPTER-37*

10 1 0
                                    

"ပိုင်ပြည့်..မင်းစကားက ဘယ်လိုအဓိပ္ပါယ်လဲဆိုတာ မင်းသိရဲ့လား?"

"ဟုတ်ကဲ့.."

"တကယ်သာ အဆင်မပြေခဲ့ရင် မင်းပါ နာမည်ပျက် စာရင်းအသွင်းခံရမှာ.."

"ကျွန်တော် နားလည်ပါတယ်.."

"ဟူးးး~~~"

.......

"သုံးရက်...ငါ အလွန်ဆုံး အချိန်ဆွဲပေးနိုင်တာ သုံးရက်ပဲ..အဲ့သုံးရက်အတွင်း သက်သေရှာလာပေးခဲ့"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အဖွဲ့မှူး.."

ရုံးခန်းထဲကနေ ခြေလှမ်းကျယ်ကြီးတွေနဲ့ ထွက်သွားတဲ့ ပိုင်ပြည့်‌နောက်ကျောဘက်ဆီကို  အကြည့်စူးစူးတစ်ခုကတော့ ကပ်ပါသွားတော့သည်။ရုံးခန်းထဲက ထွက်လာတဲ့ ပိုင်ပြည့်ကိုတွေ့တော့ ယုယက အပြေးလေး ဘေးနားရောက်လာခဲ့သည်။

"ဌာနမှူး..ကျွန်မ‌ကတော့ စစ်ချီလုပ်တယ်ဆိုတာ မယုံဘူး..စစ်ချီလိုကလေးက ဘယ်လိုမျိုးနဲ့မှ အဲ့လိုလုပ်လိမ့်မှာ မဟုတ်ဘူး"

ဘေးနားက တတွတ်တွတ်ပြောနေတဲ့ ယုယရဲ့ စကားတွေကို အသိအမှတ်ပြုကြောင်း ခေါင်းတစ်ဆတ်ဆတ်ညိတ်ပြီး ခေါင်းကြီးငုံ့ကာ ‌ပစ္စည်းတွေသိမ်းနေသည့် ကောင်လေးနားကို ချဉ်းကပ်မိတော့သည်။

"စစ်ချီ"

ပစ္စည်းတွေသိမ်းနေသည့် ကောင်လေးရဲ့ လက်အစုံက သူ့ရဲ့ခေါ်သံကိုကြားတော့ လှုပ်ရှားမှု အလုံးစုံ ရပ်တန့်သွားတော့သည်။
စစ်ချီ သူ့ရှေ့က လူကိုမော့မကြည့်ရဲ။ ဘယ်လိုမျက်နှာထားမျိုးနဲ့ စကားပြန်ပြောရမလဲမသိသလို တကယ်လို့ ပိုင်ပြည့်ကသာ သူ့ကိုမယုံကြည်သလို အကြည့်မျိုးနဲ့သာ ကြည့်လာခဲ့မည်ဆိုလျှင် သူဘယ်လိုမှ ခံနိုင်ရည်ရှိမှာမဟုတ်ပေ။နေရာမှပင် မြူမှုန်လေးတစ်ခုလိုပျောက်ကွယ်သွားရင် ကောင်းမယ်လို့ သူတွေးမိသည်။ ဒါပေမဲ့ စစ်ချီမသိလိုက်သည်က ပိုင်ပြည့်ရဲ့ အသံကိုကြားရုံနဲ့ပဲ မကျအောင်တင်းထားခဲ့သည့် မျက်ရည်တွေက ပါးပြင်တစ်လျှောက်ကျလာခဲ့သည်ကိုပင်..။

အဖြေစကားပြန်မပေးသလို မော့လည်းမကြည့်သည့်ကောင်လေးခန္ဓာကိုယ်က တသိမ့်သိမ့်တုန်လာတာကို မြင်လိုက်ရသည်နှင့်ပိုင်ပြည့် ကောင်လေးကို ပခုံးနှစ်ဖက်ကို လက်ဖြင့် ဆုပ်ကိုင်ကာ မျက်နှာကို မြင်ရအောင် လုပ်လိုက်သည်။

Till My Last BreathWhere stories live. Discover now