နောက်တစ်နေ့မနက် စစ်ချီ ရုံးကို ရောက်ရောက်ချင်း အချိန်မှာ ကျော်ဇင်ကနေ သတင်းတစ်ခု ပေးလာသည်...
"စစ်ချီ ဒီလာမဲ့ သောကြာနေ့ညမှာ companyကနေ နှစ်သစ်ကူး ညစာစားပွဲရှိတယ်နော်...အဲ့တာ ၀န်ထမ်းတိုင်း အကုန်လာရမှာ..."
စစ်ချီ အရင်ဘ၀ကတည်းက သူတို့ ကုမ္ပဏီက နှစ်သစ်ကူး ညစာစားပွဲအမြဲလုပ်မှန်း သိထားတာမလို့ အထူးတလည် အံ့ဩစရာ ကိစ္စတော့ မဟုတ်ပါပေ...
"ဟုတ်ကဲ့ အကို...ကျွန်တော် လာခဲ့ပါ့မယ်..."
"ဟိုတယ်ကို လာဖို့ကရော အဆင်ပြေတယ်မလား???လာရတာ အဆင်မပြေရင် ကိုယ်တို့ ၀န်ထမ်းတွေကို ကားလာခေါ်ပေးတာလည်း ရှိတယ်...ဘယ်လိုလုပ်မလဲ???"
"ဟုတ်ကဲ့...ကျွန်တော် ကိုယ့်ဘာသာပဲ လာခဲ့ပါမယ်.."
"အဲ့တာဆိုလည်း အိုကေလေ..."
မျက်စိတစ်မှိတ် အတွင်းမှာပဲ ညစာစားပွဲနေ့ကို ရောက်ရှိလာသည်...စစ်ချီ သူ့ရဲ့ တိုက်ခန်းလေးအတွင်းမှာ စားပွဲကို သွားဖို့ ပြင်ဆင်နေ၏...
သူ အထူးတလည် ၀တ်စားဆင်ယင် ထားတာမျိုးတော့မရှိပေ...အောက်က style pantကို အပေါ်က ရှပ်အကျီ အဖြူရောင်နဲ့ တွဲဖက်၀တ်ဆင်ထားပြီး အပေါ်ကနေ အညိုဖျော့ ကုတ်အကျီကို ထပ်၀တ်လိုက်ပြီးတဲ့အချိန်မှာ သူ သွားဖို့ကို အဆင်သင့် ဖြစ်သွားပြီးပဲ ဖြစ်၏...
စစ်ချီ ညစာစားပွဲ လုပ်မဲ့ ဟိုတယ်ကို ထွက်လာခဲ့ပြီး သူ ရောက်တဲ့အချိန်မှာ ကုမ္ပဏီက ၀န်ထမ်းတွေ အကုန်နီးပါး ရောက်နေပြီ ဖြစ်သည်....
စစ်ချီလည်း သူ့ရဲ့ အဖွဲ့သားတွေကို လူအုပ်ကြားထဲမှာ ရှာနေတုန်း သူ့ရဲ့လက်မောင်းကို တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်သည်....
"စစ်ချီ!!!! ဒီကိုလာ ...အကုန် ရောက်နေပြီ...မင်းကို စောင့်နေကြတာ...."
"sorry အမကြည်ပြာရေ...လမ်းမှာ ကားပိတ်နေလို့ နည်းနည်း နောက်ကျသွားတယ်...အကုန် ရောက်နေကြပြီလား???"
"ဟုတ်တယ် ....အကုန် ရောက်နေပြီ...ဟိုမှာ အဖွဲ့မှူးဆို ရောက်နေတာ အတော်ကြာပြီ..."
ကြည်ပြာဦး ညွှန်ပြတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ အပြာရင့်ရောင့် suit အပြည့်ကို ၀တ်ထားတဲ့ ပိုင်ပြည့်ကို တွေ့လိုက်ရသည်...စစ်ချီ အရင်ကတည်းက ပိုင်ပြည့်က ကြည့်ကောင်းမှန်း သိပင်မဲ့ ဒီနေ့မှာတော့ အထူးတလည်ပင် ကြည့်ကောင်းနေ၏.....
YOU ARE READING
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...