*CHAPTER-40*

16 2 2
                                    

စစ်ချီ မနက် ခုနစ်နာရီထိုးသည်အထိ တစ်ရေးမှမအိပ်ရသေးပေ။မနေ့က မနက် ၂နာရီလောက်မှ ပိုင်ပြည့်နှင့်ဖုန်းပြောလို့ ပြီးဆုံးခဲ့၏။ တစ်ညလုံး ငိုထားရသည်မလို့ မျက်လုံးတွေကလည်း ဖူးယောင်နေကာ ပိုင်ပြည့်ပြောပြတာတွေကို နားထောင်ပြီးတော့လည်း တောက်လျှောက်ငိုနေသည်မလို့ ကာယံကံရှင် မူးနေသည့် ပိုင်ပြည့်က စစ်ချီအငိုတိတ်သည်အထိ ချော့ပြီးမှသာ ဖုန်းချသွားရသည်။

ဖုန်းချပြီးတော့လည်း စစ်ချီခမျာ မအိပ်ပျော်နိုင်ဘဲ ပိုင်ပြည့် ပြောပြသွားသည့် အကြောင်းအရာတွေကသာ အတွေးထဲ တစ်ဝဲလည်လည်ဖြစ်နေတော့သည်။

စစ်ချီအတွက်တော့ ယောကျာ်းဘက်ကပါသည့်သားကို နောက်မိန်းမက နှိပ်စက်သည်ဆိုတာ ယုံတမ်းပုံပြင်လိုသာ။ ခုခေတ်က မိဘရင်းသားသမီးရင်းတွေပင် ပြဿနာတွေတက်နေကြတာဆိုတော့လည်း မိထွေးနဲ့ပြဿနာက အထူးအဆန်းတော့မဟုတ်။ 

ကိုယ်ချင်းစာတရားဆိုတာကလည်း ကိုယ်တိုင်ခံရမှသာ ရနိုင်မည့်အရာတစ်ခုပင်။ နားလည်ပါတယ်လို့ပါးစပ်ကသာ‌ပြောနေပင်မဲ့ တကယ်ပဲ နားလည်နိုင်တာရော ဟုတ်ကြရဲ့လား? ကိုယ်ချင်းစာတယ် နားလည်တယ်ဆိုတဲ့စကားတွေက တစ်ဖက်လူ စိတ်ချမ်းသာအောင် ပြောတဲ့ နား၀င်ချိုစေတဲ့ နှစ်သိမ့်စကားတစ်ခွန်းသာသာ..။ကြားရ‌တဲ့သူက သနားပါတယ်လို့တွေးမိရုံနဲ့ အဆင်ပြေရဲ့လားလို့မေးပေးရုံက လွဲပြီးဘာမှမလုပ်‌ပေးနိုင်ပင်မဲ့ ခံခဲ့ရသူအတွက်ကတော့ သေရာပါဒဏ်ရာတွေသာ ဖြစ်လိမ့်မည်။

ထိုအရာတွေကို ပိုင်ပြည့်တစ်ယောက်တည်း ဒီလောက်နှစ်တွေအများကြီး ဘယ်လိုများ ကြိတ်မှိတ်ခံစားခဲ့ရသလဲ?အပြင်ပန်းကကြည့်ရင် ဘာခံစားချက်မှမရှိဘူးလို့ ထင်ရတဲ့ပိုင်ပြည့်က ဒီလိုမျိုး ရုပ်ဆိုးအကျည်းတန်လွန်းတဲ့အရာတွေကို ‌ကြုံတွေ့ခဲ့ရဖူးတယ်ဆိုတာ ဘယ်သူကများ ယုံနိုင်လိမ့်မလဲ? ထိုသို့သောသူကို စစ်ချီကပါထပ်ပြီး ကြိုးရှည်ရှည်တွေနဲ့ ဆွဲထားမိပြီး ဒဏ်ရာတွေထပ်ပေးမိနေတာများလား?

ကိုယ့်ကိုယ်ကို သတိမထားမိပင်မဲ့ သူကအတော် တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူပင်။ ထိုအကြောင်း‌တွေကို တွေးမိတော့ တစ်ဖန်ထပ်ပြီး ရင်ခေါင်းထဲကလှိုက်တက်လာပြန်သည်။ ထိန်းချုပ်လို့်မရတဲ့ ခံစားချက်တစ်ချို့ကြောင့် မျက်လုံးနီနီရဲရဲက မျက်ရည်တစ်ချို့က ထွက်လာပြန်၏။

Till My Last BreathWhere stories live. Discover now