*CHAPTER-4*

26 4 0
                                    

စစ်ချီ မျက်လုံးပွင့်ပွင့်လာချင်း မြင်လိုက်ရတာကတော့ ဖြူဖွေးနေတဲ့ မျက်နှာကြတ်ကြီးပဲဖြစ်သည်။စစ်ချီရဲ့ ခေါင်းထဲကိုတော့ အတွေးပေါင်းစုံ၀င်လာသည်။

"ငါဆေးရုံမှာလား??ဒါမှမဟုတ် ငါသေပြီး နတ်ပြည်ရောက်သွားတာလား??"

မတရားထိုးကိုက်နေတဲ့ သူ့ရဲ့ခေါင်းကို အသာအယာ နှိပ်နယ်ပေးလိုက်ကာ အခြေအနေကို စူးစမ်းဖို့ဘေးကို ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့ဘေးမှာ အ၀တ်ဗလာနဲ့ အိပ်နေတဲ့ မြတ်ဖုန်း ကိုတွေ့လိုက်ရ၏။ အဲ့တော့မှ သူ့ကိုသူ ပြန်ကြည့်မိတော့ သူ့ခန္ဓာကိုယ်မှာလည်း အ၀တ်ဆိုလို့ တစ်စတောင် ကပ်နေခြင်း မရှိပေ။

စစ်ချီရဲ့ ကိုက်နေတဲ့ ခေါင်းက ပိုပြီး ပြင်းပြင်းထန်ထန် ကိုက်သွားသည်။

ဒီအခြေအနေက ဘာကြီးလဲ??ဘာလို့ ငါနဲ့ မြတ်ဖုန်းက အတူတူ အိပ်နေရတာလဲ??မြတ်ဖုန်းနဲ့ငါက ရန်ဖြစ်နေခဲ့တာလေ...

ပြီးတော့ မြတ်ဖုန်းက တွန်းလိုက်လို့ စားပွဲခုံ အစွန်းနဲ့ သူ့ခေါင်းနဲ့ရိုက်မိပြီး သူသေဆုံးသွားခဲ့တာမဟုတ်ဘူးလား??စစ်ချီ သူ့ခေါင်းကို သူပြန်စမ်းကြည့်လိုက်တော့ ခေါင်း ကိုက်နေတာကလွဲလို့ ဘာဒဏ်ရာဒဏ်ချက် ဘာသွေးမှ ရှိမနေခဲ့ပါ။

အဲ့အချိန်မှာပဲ ဆွဲဆောင်မှုရှိလွန်းတဲ့ မြတ်ဖုန်းရဲ့ မနက်ခင်းအသံလေးကိုကြားလိုက်ရ၏။

"ဘေဘီ နိုးနေပြီလား?? နည်းနည်းထပ်အိပ်ဦးလေ..ကိုယ်မနေ့က နည်းနည်းပြင်းသွားတယ်။မင်း‌ရဲ့ ခန္ဓာကိုယ်ရော အဆင်ပြေရဲ့လား??ကိုယ်တို့ရဲ့ 3 years anniversary မလို့ သောက်တာများပြီး ထိန်းချုပ်ဖို့ မေ့သွားတယ်ကွာ။ဘေဘီ ကိုယ့်ကို စိတ်မဆိုးဘူးမလား?"

စစ်ချီ မြတ်ဖုန်းရဲ့ ပျားရည်တွေ ဂရုစိုက်မှုတွေပြည့်နေတဲ့ စကားတွေကို နားထောင်ရင်း ရင်ထဲက အော်ဂလီဆန်လာ၏။

အရင်ဘ၀ကစစ်ချီဆိုရင်တော့ သူဒီအချိန်မှာ အရမ်းကို ရင်ခုန်နေမိပါလိမ့်မည်။ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အရင်က ချိုမြိန်ခဲ့တဲ့ မြတ်ဖုန်း စကားတွေက ဆေးခါးကြီးလိုပဲ ခါးနေခဲ့သည်။

Till My Last BreathWhere stories live. Discover now