*CHAPTER-9*

16 3 2
                                    

စစ်ချီ ထောင့်နားက စားပွဲမှာထိုင်ပြီး စောင့်နေဖို့ ဆုံးဖြတ်လိုက်သည်။ထိုင်ပြီး သိပ်မကြာခင်မှာ ဆုခြည်ရှင်ရဲ့ ချစ်သူကောင်လေး နိုင်သူက စစ်ချီ ဆိုင်ရောက်တိုင်း သောက်နေကြ သူအကြိုက်ဆုံး Latte တစ်ခွက် ကို လာချပေးပြီး ခဏစောင့်ဖို့ လာပြော၏။

စစ်ချီ နိုင်သူကို ကြည့်ရင်း ဆုခြည်ရှင်နဲ့ နိုင်သူရဲ့ ရည်းစား သက်တမ်းက အတော်ကြာပြီကို စဉ်းစားမိလိုက်သည်။

သူတို့နှစ်ယောက်က စစ်ချီတို့ဆယ်တန်းနှစ် မှာ စတွဲခဲ့တာဖြစ်သည်။နိုင်သူက စစ်ချီတို့ ကျောင်းကိုဆယ်တန်းနှစ်မှာ ပြောင်းလာခဲ့တာ ဖြစ်ပြီးအေးဆေးတည်ငြိမ်ကာ စကားနည်းပြီး စိတ်ရှည်တဲ့ လူတစ်ယောက်ဖြစ်သည်

နိုင်သူနဲ့ဆုခြည်ရှင် ပထမဆုံး စတင်တွေ့ဆုံမှုက ဆုခြည်ရှင် ခွေးလိုက်ခံရတဲ့အချိန်မှာ နိုင်သူက ခွေးကို ခြောက်လှန့်ပြီး မောင်းပေးခဲ့တာဖြစ်သည်။

ခွေးအရမ်းကြောက်တတ်တဲ့ ဆုခြည်ရှင်အတွက်ကတော့ စစတွေ့ချင်းမှာပဲ နိုင်သူ့ကို သဘောကျသွားခဲ့တာဖြစ်သည်။

စစ်ချီကတောင် "နင်က နင့်ကို ခွေးမောင်းပေးတဲ့ သူတိုင်းကို ကြိုက်မှာလား"ဟု စလိုက်သေးသည်။

နိုင်သူ့ကို တစ်ဖတ်သတ်ကြိုက်နေတဲ့ ဆုခြည်ရှင်အတွက်ကတော့ နိုင်သူ သူမကို သဘောကျကြောင်း ဖွင့်ပြောတဲ့ အချိန်တုန်းက သူမ ခန္ဓာကိုယ်တစ်ခုလုံး လေပေါ်မြောက်သွားသလို ခံစားရကြောင်းတောင် စစ်ချီကို ပြောပြပါသေးသည်။

အဲ့လိုမျိုး နိုင်သူ့ကို အရမ်းကြိုက်နေတာတောင် အဲ့ဒီအချိန်တုန်းက ဆုခြည်ရှင်က အဖြေတန်းမပေးဘဲ နိုင်သူ့ကို "လိင်တူ စိတ်၀င်စားတဲ့သူတွေကို ဘယ်လို မြင်လဲ"လို့ အရင်မေးပါသေးသည်။

အဲ့ဒီမေးခွန်းက သူ့အတွက်ဆိုတာကို စစ်ချီ သိ‌ေနခဲ့သည်။

နိုင်သူက "ဘယ်လိုမှ မမြင်ပါဘူး။လူတိုင်းမှာ သူတို့ချစ်ချင်တဲ့သူကို ချစ်ခွင့်ရှိတာပဲ"ဆိုတဲ့ အဖြေကိုကြားမှသာ ဆုခြည်ရှင် နိုင်သူ့ကို အဖြေပေးခဲ့ခြင်းဖြစ်၏။

Till My Last BreathWhere stories live. Discover now