*CHAPTER-42*

19 1 4
                                    

"အကိုကျော်ဇင် အဲ့တာက ဘာကို..."

"ငါ အဖွဲ့မှူးကိုသဘောကျတယ်လို့..အထက်လူကြီးတစ်ယောက်လိုမျိုးမဟုတ်ဘဲနဲ့ အဲ့ထက်ပိုတဲ့ ခံစားချက်မျိုးနဲ့သဘောကျတာ.."

စစ်ချီ ကြားလိုက်ရတဲ့စကားကို မယုံနိုင်သလိုမျိုး
ကျော်ဇင့်ကို ကြောင်ပြီးကြည့်နေမိသည်။

သူ့ရှေ့က မျက်လုံးပြူးကြီးနှင့် ကြောင်အအဖြစ်နေတဲ့ စစ်ချီကိုကြည့်ပြီး ကျော်ဇင့်အတွေးများက  ပိုင်ပြည့်ကို စတင်ပြီးတွေ့ဆုံခဲ့ရသည့် အချိန်ကာလဆီကို ကူးလူးပျံ့လွင့်သွားတော့သည်။

[ကျော်ဇင်နှင့်ပိုင်ပြည့် လွန်ခဲ့တဲ့ ငါးနှစ်ခန့်က]

"ကျွန်တော်က ဒီနေ့ကစပြီး အဖွဲ့တစ်မှာ ရှိနေမဲ့ ကျော်‌ဇင်ပါ!!အားလုံးပဲ ကျွန်တော့်ကို ကူညီစောင့်ရှောက်ပေးကြပါ..ကျွန်တော်မှားတာရှိရင်လည်း ကျွန်တော့်ကို ထောက်ပြပေးကြပါ!!

ဖြောင်း‌ ဖြောင်း ဖြောင်း~

ကျော်ဇင် ဒီနေ့က အလုပ်စ၀င်တဲ့‌နေ့မလို့ စိတ်တွေလှုပ်ရှားနေခဲ့ပင်မဲ့ ကိုယ့်ကိုယ်ကို မိတ်ဆတ်ပြီးနောက် ကြားလိုက်ရတဲ့ လက်ခုပ်သံက စိတ်ကိုအနည်းငယ် အေးသွားစေ၏။

"အဖွဲ့တစ်ကနေ ကြိုဆိုတယ်ကွာ..ငါကတော့ အဖွဲ့တစ်ရဲ့ အဖွဲ့မှူးပဲ..အင်တာဗျူးတုန်းကလည်း တွေ့ဖူးတယ်မလား?"

"ဟုတ်ကဲ့ အဖွဲ့မှူး.."

"အေး အဲ့တာဆို မင်းကို သင်ပြပေးဖို့ ငါတစ်ယောက်ကို အကူအညီတောင်းထားတယ်"

"ဟုတ်ကဲ့"

"ပိုင်ပြည့်ရေ ဒီကို ခဏလာဦးကွာ"

"အဖွဲ့မှူး ကျွန်တော့်ကို ဘာခိုင်းစရာ ရှိလို့လဲ?"

"အေး ကျော်ဇင့်ကို နည်းနည်းလောက် ကူညီသင်ပြပေး‌လိုက်ဦးကွာ"

"ဟုတ်ကဲ့ အဖွဲ့မှူး"

"ကျော်ဇင်လည်း မသိတာနားမလည်တာ ရှိရင် ပိုင်ပြည့်ကိုမေး..ပိုင်ပြည့်က သူများထက် ရုပ်ကြီးတည်နေပင်မဲ့ အလုပ်လုပ်တာကလည်း သူများထက် စေ့စပ်သေချာတာမလို့ မင်းသူ့ဆီက အများကြီး သင်ယူနိုင်မှာပါ.."

Till My Last BreathWhere stories live. Discover now