*CHAPTER-11*

8 3 0
                                    

စစ်ချီ လမ်းခွဲစကား‌ပြောအပြီး တစ်ခန်းလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသည်။
မြတ်ဖုန်း ကြားလိုက်ရတဲ့စကားကြောင့် ကိုယ့်နားကိုယ် မယုံနိုင်အောင်ဖြစ်သွားကာ

"မင်း ဘာပြောလိုက်တယ်!?"

"ကျွန်တော် ခင်ဗျားရဲ့ ဒီလို အရည်မရအဖတ်မရ စွပ်စွဲချက်တွေ ပြီးတွေ ကျွန်တော် ကောင်းဖို့ ဆိုပြီး ကျွန်တော့်ကို အမှောင်ချထားတာတွေကို ကျွန်တော် သည်းခံပေးနိုင်တာ ဒီအတိုင်းအတာ အထိပဲ။အခု ကျွန်တော်တို့ အဆုံးသတ်ရအောင် ။ကျွန်တော် ရှေ့ဆက်မသွားနိုင်တော့ဘူး ..."

မြတ်ဖုန်း စစ်ချီရဲ့ လမ်းခွဲစကားကြောင့်  အမှန်တကယ် အံ့ဩသွားမိပင်မဲ့ အလျင်အမြန် ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်သည်။စစ်ချီရဲ့ အကြောင်းကို သူ့လောက် ဘယ်သူမှ ကောင်းကောင်းမသိကြပါ။

စစ်ချီက သံယောဇဉ် ကြီးပြီး အရမ်း ကြောက်တတ်သည်။အယုံလွယ်သလို သူ့ကို နည်းနည်းလောက် ကောင်းပေးတာနှင့် သူက ပစ်ယုံတတ်သည်။

ပြီးတော့ သူနဲ့တွဲလာတဲ့ သုံးနှစ်အတွင်းမှာ စစ်ချီက ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေမှာတောင် သူ့ကို တစ်ခါမှ လမ်းခွဲဖို့စကား မပြောခဲ့ဖူးဘူး။လမ်းခွဲဖို့ စကား မပြောနဲ့ ။ သူ့ကို လေသံမာနဲ့တောင် ပြန်ခံမပြောဖူးဘူး။

တကယ်ပဲ စစ်ချီ ဘာ‌တွေဖြစ်နေတာလဲ?မနက်တုန်းကလည်း အဲ့လိုပဲ။ တစ်ခုခုတော့ ထူးဆန်းနေသည်။ စစ်ချီက တခြားလူတစ်ယောက်လို ပြောင်းလဲသွားသည်။ စစ်ချီ ဘာလို့ ပြောင်းလဲသွားရပါသလဲ?? အဲ့ဒီ‌မေးခွန်းရဲ့ အဖြေက ဘာဖြစ်မလဲ??

ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာ စစ်ချီကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာကို မြတ်ဖုန်း ကောင်းကောင်းသိသည်။စစ်ချီလို လူမျိုးက ချော့တစ်ခါ ခြောက်တစ်လှန့် လို နည်းလမ်းမျိုးနဲ့ ကိုင်တွယ်ခြင်းကသာ အကောင်းဆုံးပဲဖြစ်သည်။

မြတ်ဖုန်းသာ စစ်ချီကို နည်းနည်းလောက် ခြောက်လှန့်ပေးလိုက်ရင် စစ်ချီသူ့ရဲ့ဘေးမှာ ဆက်ပြီး နေဖို့ကို ရွေးချယ်လိမ့်မယ် လို့ မြတ်ဖုန်းက အပိုင်တွက်လိုက်မိသည်။

Till My Last BreathWhere stories live. Discover now