*CHAPTER-35*

7 1 0
                                    

ပိုင်ပြည့် မီးထွန်းထားတဲ့ ကိတ်မုန့်ကို ကိုင်ထားတဲ့ စစ်ချီနဲ့အတူ ကျန်တဲ့ သူ့အဖွဲ့သားတွေကို ကြောင်တောင်တောင် ကြည့်နေမိသည်။ အခုအခြေအနေကို သူဘယ်လို တုံ့ပြန်ရမလဲ မသိတာကြောင့် ပိုင်ပြည့် အခက်ကြုံနေမိသည်။

ဘာတုံ့ပြန်မှုမှ မရှိဘဲ သူတို့ကို ကြောင်ပြီး ငေးကြည့်နေတဲ့ ပိုင်ပြည့်ကြောင့် အဖွဲ့သားတွေ အကုန်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အိုးတိုးအမ်းတမ်း ဖြစ်နေကြသည်။

မွန်းကြပ်လွန်းလှတဲ့ အခြေအနေကြီးကို သုတတစ်ယောက် နောက်တီးနောက်တောက်စကားတစ်ချို့ဖြင့် ဖြိုခွဲပစ်လိုက်သည်။

"အဖွဲ့မှူး ဖယောင်းတိုင်မှုတ်လေ..ဘာလဲ? ကျွန်တော်တို့ကို အရမ်းကျေးဇူးတင်လို့ ဟတ်ထိပြီး ဘာမှမပြောနိုင်တော့ဘူးလား?"

သုတရဲ့ ‌ရွှင်နောက်နောက် စကားကြောင့် အားလုံး ပြုံးစိစိဖြစ်သွားပင်မဲ့ ပိုင်ပြည့်ကို ကြောက်၍ အကုန်လုံး မျက်နှာပိုးသတ်ထားရသည်။ အခြေအနေမကောင်းရင် သုတကို ထိုးကျွေးဖို့လည်း ပြိုင်တူ တွေးမိလိုက်ကြ၏။

"အင်း..."

ဖယောင်းတိုင်ကို ချက်ချင်းကြီး မှုတ်မလို့ လုပ်နေတဲ့ ပိုင်ပြည့်ကို စစ်ချီ သတိပေးလိုက်၏။

"အဖွဲ့မှူး..ဆုတောင်းဦးလေ"

"ဪ..အေး ဟုတ်သားပဲ"

ပိုင်ပြည့် မျက်လုံးမှိတ်ပြီး စိတ်ထဲပေါ်လာတဲ့ ဆုတစ်ခုသာ မြန်မြန်ဆုတောင်းလိုက်သည်။အဲ့တာကတော့ ကောင်လေးနဲ့ မြန်မြန် နီးဖို့ပဲ ဖြစ်သည်။
ဆုတွေသာ တောင်းတိုင်း ပြည့်နိုင်ရင်တော့ ကောင်းတာပေါ့လေ။

၁၀ စက္ကန့်လောက်ကြာတော့ ပိုင်ပြည့် မျက်လုံးတွေ ပြန်ဖွင့်လာပြီး ‌ဖယောင်းတိုင်မီးကို မှုတ်လိုက်တော့သည်။

"ဟေး!!!!!!"

သူ ဖယောင်းတိုင်မှုတ်ပြီး‌ပြီးချင်းပဲ ဌာနတစ်ခုလုံး လက်ခုပ်သံတွေ ဆူညံ့သွားကြသည်။

"အဖွဲ့မှူး ဒီမှာ"

ယုယ လှမ်းပေးတဲ့ အိတ်ကို ပိုင်ပြည့် လက်လွှဲယူလိုက်သည်။ ဘာလဲ ဆိုတဲ့ မျက်နှာထားဖြင့် မော့ကြည့်မိလိုက်တော့...

Till My Last BreathDonde viven las historias. Descúbrelo ahora