စစ်ချီ သူ အလုပ်ရမယ်ဆိုတာကို ယုံကြည်သည်။အဲ့တာကြောင့် သူအများကြီး တွေးပူမနေတော့ပေ။သူ အခု စိတ်ပူနေရတဲ့ ပြဿနာက မြတ်ဖုန်းနဲ့ ဘယ်လို လမ်းခွဲရမလဲ ဆိုတာကိုပဲ ဖြစ်သည်
စစ်ချီ တစ်စက္ကန့်ရဲ့ အစိတ်အပိုင်း သေးသေးလေးတောင်ထပ်ပြီး မြတ်ဖုန်းနဲ့ ရှိမနေချင်ပါ။သူဖြစ်နိုင်ရင် ဖြစ်နိုင်သမျှ မြတ်ဖုန်းနဲ့ မြန်မြန်လမ်းခွဲချင်သည်။
မြတ်ဖုန်းရဲ့ အရိပ်အောက်ကနေ ရုန်းထွက်ချင်တယ်။လွတ်မြောက်ချင်တယ်။ဒါပေမဲ့ သူရုတ်တရက် လမ်းခွဲရင် အရမ်း သံသယ၀င်ချင်စရာကြီး ဖြစ်မနေဘူးလား??
အရင်ဘ၀မှာ စစ်ချီက မြတ်ဖုန်းအတွက်ဆို ဘာမဆို လုပ်ရဲသည်။မြတ်ဖုန်းပြောသမျှ အကုန်ယုံကြည်သည်။အဓိကကတော့ သူ မြတ်ဖုန်းကို အရမ်းချစ်ခဲ့သည်။
စစ်ချီ သူ့ရဲ့ ဘယ်ဘက်ရင်အုံကို လက်နဲ့ဖိထားမိလိုက်သည်။အရင်က မြတ်ဖုန်းကို မြင်တိုင်း နှစ်ဆလောက် အခုန်မြန်ခဲ့တဲ့ နှလုံးသားက အခုကြတော့လည်း ပုံမှန်အတိုင်း စည်းချက်ညီညီ ခုန်နေ၏။
သူ့ရဲ့နှလုံးသားထဲမှာ မြတ်ဖုန်း သူ့ကို သစ္စာဖောက်ခဲ့ခြင်းနဲ့ မြတ်ဖုန်းပေးခဲ့တဲ့ အချစ်လို့ ထင်ခဲ့မိတဲ့ အဆိပ်တွေက အတူရှိခဲ့ဖူးတဲ့ အချိန်တွေအတွက် ဖြစ်တည်နေတဲ့ လက်ကျန် သံယောဇဉ်ကိုတောင် အနိုင်ယူပြီး ကြီးစိုးထားေတာ့သည်။
စစ်ချီ အခုတော့ မြတ်ဖုန်းကိုရွံရှာမုန်းတီးတာအပြင် ဘာမှမခံစားရပေ။
အဲ့တာကြောင့်စစ်ချီက သူ သံသယအ၀င်မခံရဘဲ လမ်းခွဲနိုင်မဲ့နည်းလမ်းကို သူ့ ဦးနှောက်သေးသေးလေးကနေ ဉာဏ်နီဉာဏ်နက် မျိုးစုံကိုအသုံးချကာ အဖြေထွက်ဖို့ ကြိုးစားနေမိ၏။
စဉ်းစားနေတုန်း ဓာတ်လှေကား ရောက်လာတာမလို့ ဓာတ်လှေကားထဲ ၀င်ဖို့ လုပ်တုန်း သူ့လက်မောင်းက ကြီးမားပြီး အေးစက်နေတဲ့ လက်ရဲ့ ဖမ်းဆုပ်ခြင်းကိုခံလိုက်ရသည်။
စစ်ချီ အဲ့လက်ကို မြတ်ဖုန်းအထင်နဲ့ အတင်းရုန်းဖို့လုပ်ရင်း လှည့်ကြည့်မိမှ အဲ့လူက အဖွဲ့မှူးပိုင်ပြည့်ဖြစ်နေမှန်း မြင်တော့ စစ်ချီ မျက်လုံး အကြောင်သားနဲ့ ငေးကြည့်နေမိသည်။
ŞİMDİ OKUDUĞUN
Till My Last Breath
Romantizmဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...