*CHAPTER-27*

13 3 0
                                    

စစ်ချီ မော့ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရ၏....
"အဖွဲ့မှူး..!!!"

"အကိုပိုင်ပြည့်..!!!"

"ထလေ..မထဘဲ အဲ့လိုပဲ ထိုင်နေတော့မှာလား..?"

ပိုင်ပြည့် စစ်ချီဘေးမှာ အတူ လဲကျနေတဲ့ ဆည်းဆာသွင်ကိုပင် ဂရုမပြုနိုင်ပေ..

သူထိုင်နေတဲ့ နေရာကနေ ကစားပွဲကို ကြည့်နေရင်း စစ်ချီနဲ့ ဆည်းဆာသွင် လဲကျသွားတာကို မြင်မြင်ချင်း သူ ပြေးလာခဲ့တာ ဖြစ်၏...

ပိုင်ပြည့် နေရာကို ရောက်တော့ သူ့ခြေ‌‌ထောက်ကို သူ ပွတ်နေပြီး ပိုင်ပြည့် လက်ကမ်းပေးထားတာကို  မျက်လုံးအပြူးသားနဲ့ကြည့်နေတဲ့ ကောင်လေးရဲ့ပုံစံက ချစ်ဖို့လည်းကောင်းနေပြန်သည်...

စစ်ချီ ရုတ်တရက် သူ့ရှေ့ရောက်လာတဲ့ ပိုင်ပြည့်ကို မယုံနိုင်သလိုကြည့်နေမိပြီး ခုနက ထိခိုက်ထားတဲ့ ပိုင်ပြည့်ရဲ့ ခြေချင်း၀တ်ကိုပါ တစ်ဆက်တည်း လှမ်းကြည့်လိုက်၏...

"အဖွဲ့မှူး....ခြေထောက်က..!!!!"

ပိုင်ပြည့် စစ်ချီ ပြောမှ သူ့ခြေထောက်သူ ငုံ့ကြည့်မိသည်...အခု စဉ်းစားကြည့်မှ သူ စစ်ချီလဲကျတာမြင်လို့ ပြေးလာတော့ ဘေးက သူ့ကို စောင့်ပေးနေတဲ့ အဖွဲ့သားတွေရဲ့ စိုးရိမ်တကြီး အော်သံက စစ်ချီအတွက် မဟုတ်ဘဲ သူ့အတွက် ဖြစ်မှန်း သိလိုက်ရ၏...

ကောင်လေး ပြုတ်ကျကျချင်း သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ခြေထောက်တွေက ပြေးနှင့်နေပြီ ဖြစ်သည်...ခြေထောက်ဒဏ်ရာက နာရကောင်းမှန်းတောင် ပိုင်ပြည့် ဂရုမပြုနိုင်ခဲ့ပေ....

အခု စစ်ချီ သတိပေးမှသာ သူ ပြန်သတိရပြီး နည်းနည်း လှုပ်ကြည့်လိုက်တော့ တဆစ်ဆစ် နဲ့ အနည်းငယ် နာနေသေး၏...

ဒါပေမဲ့ သူကိုယ်တိုင် ဒဏ်ရာရနေတာတောင် သူ့ဒဏ်ရာထက် ပိုင်ပြည့်ကို ပိုစိုးရိမ်နေပုံ ပေါ်တဲ့ ကောင်လေးကြောင့် သူ ပြုံးမိသည်..

"ဘာမှမဖြစ်တော့ဘူး...ဒီလောက် ရေခဲ အကြာကြီး ကပ်ထားတာကို...သက်သာနေပြီ.."

"ဟုတ်လို့လား..!?"

"ဟုတ်ပါတယ်ဆို.."

အခုထက်ထိ ကြမ်းပြင်ကနေ မထသေးဘဲ စကားပြောနေတဲ့ စစ်ချီရဲ့ မေးခွန်းတွေကို တယုတယ ပြန်ဖြေနေတဲ့ ပိုင်ပြည့်ကို ကြည့်ပြီး ဆည်းဆာသွင် အံကြိတ်လိုက်မိသည်...

Till My Last BreathWhere stories live. Discover now