ပိုင်ပြည့် သူ့ကိုယ်သူ ရူးနေပြီလားလို့ သူထင်လိုက်မိသည်။ အခုလေးတင် ကားတိုက်မှုခံထားရတဲ့ သူ့ခန္ဓာကိုယ်မှာ ခြစ်ရာပွန်းရာလေးတစ်ခုတောင်မရှိတဲ့အပြင် သူ့ဖုန်းက ရက်စွဲက လွန်ခဲ့တဲ့ နှစ်နှစ်ကိုပြနေ၏။
ဒီလို အဖြစ်မျိုးက ဖြစ်မှမဖြစ်နိုင်တာ...သူက လွန်ခဲ့တဲ့ နှစ်နှစ်ကို ပြန်ရောက်လာတယ်တဲ့လား??ဒီလိုဟာမျိုးက သူ ညဘက်တွေကြည့်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲကလို အဖြစ်မျိုးကြီးလေ...ဒီလိုအဖြစ်မျိုးကို တကယ့် လက်တွေ့ဘ၀မှာ ဖြစ်နိုင်တယ်လို့ ထင်လည်းမထင်ခဲ့သလို တွေးလည်း မတွေးခဲ့ဘူး။ပြီးတော့ အဲ့လို အဖြစ်ကလည်း သူ့ဆီမှာမှ ဖြစ်ရတယ်လို့လား??
သူဘာလို့ ပြန်ရောက်လာရလဲဆိုတဲ့ အကြောင်းပြချက်ကို သူစဉ်းစားနေမိသည်။ သူက သူပြန်ပြီး မွေးဖွားလာရတာကိုလည်း ကောင်းတယ်လို့ မထင်မိပါ။ သူ့ကို ထပ်ပြီးများ ဒုက္ခခံခ်ိုင်းတာလားလို့သာ တွေးနေမိသည်။
အဲ့အချိန်မှာပဲ အိပ်ခန်းထဲကို သူ့ရဲ့အချစ်တော် golden retriever အမျိုးအစားဖြစ်တဲ့ Jackie က၀င်လာပြီး သူ့အိပ်ရာပေါ်တက်ကာ သူ့မျက်နှာကို လျှာနဲ့လာယှက်နေတော့သည်။ ပိုင်ပြည့်လည်း Jackie ကိုတွေ့တော့ တော်တော်၀မ်းသာသွား၏။ သူဘယ်တော့မှ Jackieကို ပြန်မတွေ့နိုင်တော့ဘူး ထင်နေတာလေ... Jackieကိုတွေ့မှ သူ ပြန်လာရတာလည်း မဆိုးဘူးလို့ နည်းနည်းထင်မိတော့သည်။
အတွေးတွေလွန်နေရင်းနဲ့ အချိန်ကို ကြည့်မှ ရုံးနောက်ကျနေတာသတိရပြီး အိပ်ရာက မြန်မြန်ထကာ မျက်နှာသစ် သွားတိုက်ပြီး Jackieကိုလည်း အစာကျွေး၏။ မနက်စာကိုတော့ နောက်ကျနေလို့ မစားတော့ဘူးလို့ဆုံးဖြတ်ပြီးတော့ အကျီလဲပြီး Jackieကို အိမ်မှာ လိမ်လိမ်မာမာ နေဖို့မှာရသည်။
ဉာဏ်ကောင်းတဲ့ Jackieက နားလည်သလို ခေါင်းကိုညိတ်ပြ၏။ Jackieက သူပြန်မမွေးဖွားခင်က အသက်က 5နှစ်ရှိပြီဖြစ်သည်။ အခုကတော့ 3နှစ်ဆိုတော့ သူ့ကိုယ်က နည်းနည်းတော့သေးနေ၏။ Jackieကိုနည်းနည်းပွတ်သတ်ပေးပြီး တိုက်ခန်းကထွက်လာခဲ့သည်။
ပြီးတော့ ကားပါကင်ကနေ ကားကိုယူကာ ရုံးကို မောင်းလာ၏။ ဒီနေ့ အလုပ်ကို သွားတဲ့ လမ်းမှာတော့ ပိုင်ပြည့် တစ်ယောက် အတွေးတွေ များနေတော့သည်။
YOU ARE READING
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...