*CHAPTER-31*

8 2 0
                                    

အပြန်ခရီး တစ်လျှောက်လုံးကို စစ်ချီကတော့ အိပ်ပြီးသာ လိုက်လာခဲ့တော့သည်။ခဏနားတဲ့ နေရာကို ရောက်တာတောင် စစ်ချီ မနိုးလာခဲ့ဘဲ သူ့ဘေးက လူပခုံးကိုသာ ခရီးတစ်လျှောက်လုံး မှီပြီး အိပ်လာခဲ့သည်။

ကားရပ်တော့မှ ပိုင်ပြည့်က သူ့ကို နှိုးခြင်း ဖြစ်သည်။
"စစ်ချီ စစ်ချီ.."

"အင်း~"

"ထတော့...ရောက်နေပြီ"

စစ်ချီ မျက်လုံးတွေကို သေချာ မဖွင့်နိုင်သေးဘဲ အိပ်မှုန်စုံမွားဖြင့် ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်သည်။

သူ အကြောဆန့်လိုက်တာမလို့ သူ့ခန္ဓာကိုယ်ပေါ်က အမည်းရောင် ဂျာကင်က လျှောပြီး ပြုတ်ကျလာသည်။သူ ဒါကြီး ခြုံထားတာကို သတိမရပါ။ခြုံထားမိတယ်လို့လည်း မထင်ပါ။

သူ ဂျာကင်ကြီးကို ဖင်ပြန်ခေါင်းပြန် ကြည့်ပြီး ခေါင်းရှုပ်နေတုန်းမှာပဲ ...

"အဲ့တာ ငါ့ဟာ"

"ဗျာ..အဖွဲ့မှူးဟာ"

"အေးလေ..ပေး"

"ဪ..ဟုတ်ကဲ့..ဒီမှာ"

စစ်ချီ ဂျာကင်ကို ပိုင်ပြည့်လက်ထဲ ပြန်ထည့်ပေးလိုက်ပြီး ပစ္စည်းကျန်မကျန် စစ်ဆေးကာ ကားပေါ်က ဆင်းဖို့ လုပ်လိုက်သည်။

ပစ္စည်းစစ်နေတုန်းမှာပဲ ဂျာကင်ကြောင့် သူ့စိတ်တွေ ရှုပ်သွားတာမလို့ သူအရာတစ်ခုကို မေ့သွားပုံ ပေါ်သည်။အဲ့တာက သူ ခရီးတစ်လျှောက်လုံး ပိုင်ပြည့် ပခုံးပေါ်အိပ်လာခြင်းဆိုတာကိုပင်။

သူ ရှက်သွားမိသလို ဘေးကနေ သူ့ကို စိုက်ကြည့်နေတဲ့ ပိုင်ပြည့် အကြည့်တွေကို ခံစားမိတာကြောင့် အရှက်ပိုရပြန်သည်။

ပိုင်ပြည့် သူ့ဘေးက ပစ္စည်းစစ်နေတဲ့ ကောင်လေးရဲ့ မျက်နှာအမူအရာတွေ တစ်ခုပြီးတစ်ခု ပြောင်းသွားတာကို ကြည့်ရင်း သဘောတကျ ပြုံးမိသည်။

သူတို့ နှစ်ယောက် စကား‌ပြောပြီးလို့ ပိုင်ပြည့် မှေးနေတာ နာရီ၀က်လောက် အကြာမှာပဲ သူ့ပခုံးပေါ်ကို တစ်စုံတစ်ယောက် လာမှီတာကို ခံစားမိလိုက်ရသည်။

Till My Last BreathDonde viven las historias. Descúbrelo ahora