*CHAPTER-30*

15 2 0
                                    


စစ်ချီ အိပ်ရာက နိုးလာတော့ ပထမဆုံး မြင်လိုက်ရတာ အဖြူရောင် နံရံကြီးပင်။

စစ်ချီ ထဖို့ လှုပ်လိုက်ပင်မဲ့ သူ့ခန္ဓာကိုယ်ကို အနောက်က တစ်ယောက်ယောက်က ရစ်တွယ်ချည်နှောင်ထားသလို ခံစားလိုက်ရသည်။

ဒါ့ကြောင့် စစ်ချီ သူ့ခါးကို ‌ငုံ့ကြည့်လိုက်တော့ သူ့ခါးပေါ်မှာ ရစ်တွယ်ထားတဲ့ သွေးကြောစိမ်းများနှင့် လက်နှစ်ဖက်ကို မြင်လိုက်ရသည်။ဒီလက်ပိုင်ရှင်က ဘယ်သူလဲဆိုတာ စစ်ချီ လှည့်မကြည့်ဘဲနဲ့ပင် သိလိုက်ရ၏။

သူတို့နှစ်‌ယောက် ဘယ်လို အကြောင်းကြောင့် ဒီလို အခြေအနေမျိုး ရောက်နေသလဲဆိုတာကိုတော့ စစ်ချီ မစဉ်းစားတတ်ပါ။အကြောင်းတစ်ခုခုတော့ ရှိပါလိမ့်မည်။ဘာလို့လဲဆိုတော့ ပိုင်ပြည့်က အကြောင်းမရှိဘဲ ဒီလိုမျိုး သူများအိပ်ရာပေါ်တက်ပြီး အခွင့်အရေးယူမည့် လူစားမျိုး မဟုတ်တာတော့ စစ်ချီ အတတ်သိသည်။

စစ်ချီလည်း အိပ်ရာက ထချင်ပင်မဲ့ သူလှုပ်လိုက်ရင် ပိုင်ပြည့် နိုးသွားမှာ ကြောက်မိတာကြောင့် တုတ်တုတ်မှ မလှုပ်ဘဲ အသံ‌လည်း မထွက်ဘဲ နေနေမိသည်။

ဒါပေမဲ့လည်း နေရတာတော့ တော်တော့်ကို အဆင်မပြေပေ။သူ့ဂုတ်ပိုးကို လာရောက်ထိတွေ့နေတဲ့ ပိုင်ပြည့်ရဲ့ စည်းချက်မှန်မှန် အသက်ရှူသံက သူ့ကို ကြက်သီးထစေသလို သူ့ရဲ့ နှလုံးသားကိုလည်း ကလူကျီစယ်နေ၏။

အဲ့ဒါကြောင့် စစ်ချီ အောက်ကို ဖြည်းဖြည်းလေး လျှောချလိုက်ပင်မဲ့ ဘေးက အအိပ်ဆတ်လွန်းသည့် ပိုင်ပြည့်ကလည်း ရင်ခွင်ထဲက ကောင်လေး၏ လှုပ်ရှားမှာကို သတိထားမိသွားသည်။

"အင်း~~စစ်ချီ..!?"

" အဖွဲ့မှူး.."

"မင်း နိုးနေပြီလား?"

"ဟုတ်...ကျွန်တော် ခုနလေးကမှ နိုးသွားတာ"

ပိုင်ပြည့်က အခုထက်ထိ စစ်ချီရဲ့ ခါးပေါ်က သူ့ရဲ့လက်တွေက မဖယ်ရှားရသေးပေ။

"ဟို..အဖွဲ့မှူး"

"ဟင်!?"

"ဟို...လက်ကလေး ဖယ်ပေးလို့ရမလား!?"

Till My Last BreathDonde viven las historias. Descúbrelo ahora