*CHAPTER-43*

11 1 0
                                    

"ဟုတ်တယ် စစ်ချီ..။တကယ်လို့ အဲ့နေ့က ငါအသိသာ ပြန်မကပ်ခဲ့ရင်  မင်းကို ချောက်ချတဲ့သူက ရဲသွေးအစား ငါဖြစ်နေမှာ။ ပြီးတော့ ငါ..."

"ခဏလေး!!..ခဏလေး အကိုကျော်ဇင်..။ကျွန်တော့်ကို အချိန်ခဏလောက်ပေးပါလား..!?ကျွန်တော်အခု အရမ်းစိတ်လှုပ်ရှားနေလို့ အကိုဆက်ပြောတဲ့ဟာတွေ ဘာတစ်ခုမှ နားထဲရောက်မှာ မဟုတ်လို့.."

".....အင်း.."

ကျော်ဇင် သူ့ရှေ့က အအေးခွက်ကို ကောက်ယူကာ ပိုက်ကနေသောက်မနေတော့ဘဲ ခွက်လိုက်မော့သောက်လိုက်၏။ပြီးတော့ ရှေ့မှာထိုင်နေတဲ့ ရုတ်တရက်ကြားလိုက်ရတဲ့ အကြောင်းအရာတွေကို သေချာခွဲခြမ်းစိတ်ဖြာဖို့ ခက်ခဲနေတဲ့ စစ်ချီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သက်‌ပြင်းငွေ့ငွေ့ချလိုက်မိသည်။

စစ်ချီ ကျော်ဇင့်ရဲ့ ၀န်ခံစကားများကြောင့် ခေါင်းရှုပ်နေမိသည်။ ပထမတစ်ခုက ကျော်ဇင်က ပိုင်ပြည့်ကို သဘောကျနေသည့်အချက်..။ဒီအချက်နဲ့တင် စစ်ချီ တော်တော် အံ့ဩမှင်သက်သွားမိသည်။ ထိုအကြောင်းကိုကြားပြီး ဘာမှမတုံ့ပြန်နိုင်ခင်မှာဘဲ နောက်ကြားလိုက်ရသည့်အရာကြောင့် စစ်ချီနေရာမှာတင် ငုတ်တုတ်မေ့နေမိတော့သည်။

စစ်ချီ ကျော်ဇင်နှင့် အလုပ်တွဲလုပ်လာသည့်တစ်လျှောက်လုံး ကျော်ဇင် ပိုင်ပြည့်ကို သဘောကျနေတယ်ဆိုတာကို လုံး၀မရိပ်မိခဲ့ပေ။ ကျော်ဇင်ကပဲ သရုပ်ဆောင်ကောင်းလွန်းတာလား?ကိုယ်ကိုယ်တိုင်ကပဲ လူအကဲခတ်ညံ့တာလာတော့ စစ်ချီလည်း မပြောတတ်တော့ပေ။

ကျော်ဇင်က ပိုင်ပြည့်ကို သဘောကျနေတယ်ပဲထားပါတော့..။သူ့ကို ဘာလို့ကျော်ဇင်က ချောက်ချဖို့ ကြံစည်ခဲ့ရတာလဲ?ဘာလို့...?

စစ်ချီ အကြောင်းအရာနှစ်ခုကို ဆက်စပ်မိသွားပြီးတစ်စုံတစ်ခုကို သိသွားသလိုမျိုး‌ ကျော်ဇင့်ကို လှမ်းကြည့်လိုက်မိသည်။

"အကိုကျော်ဇင် မဟုတ်မှလွဲရော ကျွန်တော့်ကို ချောက်ချဖို့လုပ်ခဲ့တာက..."

"ဟုတ်တယ် စစ်ချီ..။ငါ......ငါ မင်းကို မနာလိုခဲ့ဘူး..။ငါအဖွဲ့မှူးဆီက မရခဲ့တဲ့အရာတွေအကုန်လုံးကို မင်းက ဘာမှလည်းကြိုးစားအားထုတ်မှုမရှိဘဲ လွယ်လွယ်ကူကူနဲ့ရနေတာကို ကြည့်ပြီး ငါအသိစိတ်တွေ လွတ်သွားခဲ့တယ်..."

Till My Last BreathDonde viven las historias. Descúbrelo ahora