*CHAPTER-33*

10 2 0
                                    

"ဟင်!?"

စစ်ချီ မယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေတဲ့ မျက်လုံး အစုံနှင့် ပိုင်ပြည့်ကို မော့ကြည့်မိလိုက်သည်။

"အဲ့ခွက်ကြောင့်လား?"

......

"အဲ့ခွက်က ဘာမှ မဟုတ်ဘူးလို့..."

"အဲ့ခွက်ကြောင့် မဟုတ်ဘူး စစ်ချီ"

ပိုင်ပြည့်ရဲ့ အဖြေစကားကြောင့် စစ်ချီ ဒေါသထွက်ကာ တစ်ကိုယ်လုံး တုန်ရီလာတော့သည်။

ဒီတစ်လျှောက်လုံး သူ အထင်မှားနေခဲ့မိတာလား? ပိုင်ပြည့်ရဲ့ အကြည့်တွေ အပြုအမူတွေ အကုန်လုံးကို သူကပဲ တစ်ဖတ်သတ် ကောက်ချက်ချမိလိုက်တာလား? မဖြစ်နိုင်တာ..မဟုတ်မှလွဲရော မိဆုပြောသလို သူ့ကို ကစားနေခဲ့တာလား?

"တော်တော် ပျော်ရဲ့လား?"

"ဟင်!?"

"ကျွန်တော့်ကို ကစားရတာ တော်တော်ပျော်ရဲ့လားလို့!!!!"

စစ်ချီ အသံကုန်ခြစ်ပြီး အော်လိုက်မိသည်။ စိတ်ရှိတိုင်းဆိုရင်တော့ ပိုင်ပြည့်ကို သူဆွဲထိုးမိမယ် ထင်၏။

"ပြန်တော့.."

"ဟင်!?"

"အဖွဲ့မှူး ပြန်တော့လို့!!"

သူ့ကို ကျောပေးပြီး ပန်းကန်ဆန်းနေတဲ့ ပိုင်ပြည့်က နောက်ကို လှည့်ကြည့်လာသည်။

မျက်နှာကြီး နီရဲကာ လက်သီးဆုပ်ပြီး အသံကုန် ခြစ်အော်နေတဲ့ စစ်ချီကို မျက်နှာချင်းဆိုင်လိုက်ပြီး လေသံအေးအေးဖြင့်

"စစ်ချီ ငါလည်း မင်းကို မေးခွန်းတစ်ခု မေးလို့ရမလား?"

.....

"မင်းရော ငါ့အပေါ်မှာ ဘယ်လို သဘောထားလဲ?"

"ဟင်!?'

"မင်းလည်း ငါ့ကို အတိုင်းအတာ တစ်ခုလောက်ထိ သဘောကျတာကို ငါသိတယ်။ ဒါ့ကြောင့်လည်း  ငါ မင်းမေးခွန်းကို မဖြေနိုင်တာကို ဒေါသထွက်နေတာမလား? ဒါပေမဲ့ စစ်ချီ ငါ ဒီမေးခွန်းကို ဖြေပြီး သွားတဲ့နောက်မှာ ဘာတွေ ဆက်လာဦးမလဲ စဉ်းစားကြည့်ဖူးလား?"

....

"ဟင်? မင်း ငါနဲ့အတူ တစ်သက်လုံး လက်တွဲသွားဖို့ ဆန္ဒရှိသလား? ငါနဲ့အတူ အိုမင်းသွားဖို့ရော အတွေးရှိလား? နောက်တစ်ခုက မင်းဘ၀ထဲကို ငါ့ကို ၀င်လာခွင့်ရော ပြုမှာလား?"

Till My Last BreathWhere stories live. Discover now