*CHAPTER-26*

9 3 0
                                    


စစ်ချီ ပွဲစီစဉ်သူဆီသွားလိုက်ပြီး

"ကျွန်တော် ကစားမယ်..."

"ဘာပြောလိုက်တာလဲ မသိဘူး ခင်ဗျာ..."

ပွဲစီစဉ်သူက ခန်းမထဲက ဆူညံသံတွေကြားမှာ စစ်ချီ၏ ပြောစကားကို မကြားနိုင်ဘဲ ဖြစ်နေ၏..

ထို့ကြောင့် စစ်ချီ သူ့အသံကို မြှင့်လိုက်ပြီး...

"အဖွဲ့မှူးက ခြေထောက်‌နာနေလို့ ...ကျွန်တော် သူ့နေရာမှာ အစား၀င်ကစားမယ်လို့...!!!"

စစ်ချီရဲ့ အော်ပြောလိုက်သံနှင့်အတူ ပွဲစီစဉ်သူက စစ်ချီနားကို မိုက်လှည့်ပေးထားတာကြောင့် ခန်းမတစ်ခုလုံး စစ်ချီ အသံကြီးနှင့် ဟိန်းသွားသည်..

ခန်းမထဲ ရှိသမျှ လူတိုင်း၏ စကားသံတွေ တိတ်သွားသလို အကြည့်တွေကလည်း စစ်ချီဆီကို ရောက်ရှိလာကြ၏...

စစ်ချီ လူတွေ သူ့ကို ကြည့်လာတဲ့ ပြုံးစစ မျက်နှာ တွေကြောင့် ရှက်သွားပြီး ခေါင်းကြီးသာ ငုံ့ထားမိသည်...

"အကိုပိုင်ပြည့်ကို တော်တော် လေးစားတဲ့ပုံပဲ.."

"ခင်ဗျာ..."

စစ်ချီ ခေါင်းကြီးငုံ့ထားရာက‌နေ သူ့ဘေးနားမှာ ရပ်နေတဲ့ ဆည်းဆာသွင်‌ရဲ့ စကားကြောင့် ရုတ်တရက် လန့်သွားသလို အမျိုးမျိုး ယူဆလို့ရတဲ့ မေးခွန်းကြောင့် ကြောင်အသွားသည်...

သူမ၏ စကားက ဘာကို ဆိုလိုချင်သလဲဆိုတာကိုလည်း စစ်ချီ မစဉ်းစားတတ်ပေ...

ထို့ကြောင့် စစ်ချီ သူမ၏ မေးခွန်းကို သဘောရိုးဖြင့် မေးတာ ဖြစ်မည်လို့သာ တွေးလိုက်ပြီး

"ဟုတ်ကဲ့...ကျွန်တော် အဖွဲ့မှူးကို အရမ်းလေးစားပါတယ်.."

"လေးစားရုံပဲလား...?"

"ခင်ဗျာ..!!??"

စစ်ချီ သူ့ကို မျက်ခုံးတွေတွန့်ချိုးထားပြီး အကဲခတ်သလို ကြည့်နေတဲ့ ဆည်းဆာသွင်ရဲ့ အကြည့်တွေကြောင့် စိတ်ကြဉ်းကြပ်လာရ၏...

ထိုအချိန်တွင်

"အဖွဲ့ ၅က ပြိုင်ပွဲ၀င်နှစ်‌ယောက် ခြေထောက်တွေ စီးပေးကြပါနော်..ကစားပွဲက စတင်တော့မှာမလို့ပါ.."

Till My Last BreathDonde viven las historias. Descúbrelo ahora