*CHAPTER -38*

9 1 3
                                    

၇လပိုင်း ၅ရက်နေ့ CCTVမှတ်တမ်းက လုံး၀ရှိမနေခဲ့ပေ။၄ရက်နေ့မှစတင်ကာ ၈ရက်နေ့အထိ တစ်ပတ်လုံးအတွက် CCTV မှတ်တမ်းက ဗလာနတ္ထိ။

"ဒါက ဘယ်လိုဖြစ်ရတာလဲ? တစ်ယောက်ယောက်ကများ ဖျက်ထားတာလဲ?"

မြင့်ဇော်ရဲ့အမေးကို ပိုင်ပြည့်လေ‌သံအေးအေးဖြင့် ပြန်အဖြေပေးလိုက်သည်။

"မဟုတ်ဘူး..မင်းလည်း ခုနကတွေ့သားပဲ..လုံခြုံရေး ဌာနက CCTVမှတ်တမ်းတွေကို ဘယ်လိုထိန်းသိမ်းထားလဲဆိုတာ..ပြီးတော့ တစ်ပတ်လုံးစာကို ဖျက်ထားတာက ပိုမဖြစ်နိုင်ဘူး။ဖြစ်နိုင်တာကတော့...."

"CCTVက ပျက်နေတာ ဟုတ်တယ်မလား အဖွဲ့မှူး?"

ကြည်ပြာဦးရဲ့စကားကို ပိုင်ပြည့်က ဟုတ်မှန်ကြောင်း ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

"အင်း။ အဲ့လိုပဲ ဖြစ်လိမ့်မယ်"

"ဟာ!! ဟုတ်သားပဲ..ဇူလိုင်တုန်းက CCTVတစ်ခါပျက်လို့ အသစ်တပ်ရသေးတယ်လေ.."

ယုယက လက်ဖျောက်တီးသံ တစ်ချက်နှင့်အတူ CCTV ပျက်နေတာ ဟုတ်မှန်ကြောင်း ပြောလာခဲ့သည်။

"အဲ့တာဆို တရားခံက စစ်ချီနားက CCTVပျက်တာကို သိနေခဲ့တာပဲ..အဲ့တာကြောင့် စစ်ချီကို ပစ်မှတ်ထားခဲ့တာများလား? ဒါပေမဲ့ စစ်ချီနားက CCTVပျက်နေတာကို သိ‌နေဖို့ဆိုရင်..."

ယုယရဲ့ နောက်ဆက်တွဲစကားအချို့က လူတိုင်းကို ထိတ်လန့်သွားစေ၏။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကိုလည်း လူတိုင်းသိနေသည်မလို့ တိတ်ဆိတ်ခြင်းက သူတို့ကြားမှာ စိုးမိုးသွားခဲ့သည်။

"သုတနဲ့ ကျော်ဇင့်ဆီက ဖုန်းလာသေးလား?"

J Group ကလူတွေဆီကနေ စုံစမ်းဖို့ အပြင်ထွက်သွားတဲ့ သုတနဲ့ကျော်ဇင့်ဆီကိုသာ ပိုင်ပြည့် စကားလမ်းကြောင်းလွှဲလိုက်ရသည်။

"မဆက်သေးဘူး အဖွဲ့မှူး..."

မှောင်မည်းနေပြီး ထွက်ပေါက်မရှိတဲ့ ဂူကြီးထဲမှာ  အလင်းရောင်ကိုတွေ့နိုးတွေ့နိုး လမ်းလျှောက်နေရင်း အလင်း‌လေးတွေ့ခါမှ ပျောက်သွားတဲ့လူတွေလိုမျိုး သဲကန္တာရထဲမှာ ခဏနေရေတွေ့မှာပါဆိုပြီး မျှော်လင့်ချက်ဖြင့် ခရီးဆက်နေရာကနေ လုံး၀မတွေ့နိုင်ဘူးဆိုတာ သိလိုက်ရတဲ့လူတွေလိုမျိုး အကုန်လုံးအရုပ်ကြိုးပြတ်ကျသလို စိတ်ဓာတ်တွေကျဆင်းသွားကြသည်။

Till My Last BreathWhere stories live. Discover now