*CHAPTER-29*

11 2 0
                                    


"ငါ မင်းကို..."

"အဖွဲ့မှူး!!!"

မျှော်လင့်တကြီး စောင့်နေမိတဲ့ အဖြေစကားက အဆုံးမသတ်နိုင်ဘဲ တစ်၀က်တစ်ပျက်နှင့် ရပ်တန့်သွားခဲ့သည်။

"အဖွဲ့မှူးက ဒီကို ရောက်နေတာကို၊ ကျွန်တော်လိုက်ရှာတာ နေရာတောင်နှံ့နေပြီ"

စကားတွေ အဆက်မပြတ်လွှတ်နေတဲ့ သုတက အနီးကို ရောက်တော့မှ ဘေးက စစ်ချီ မြင်မိသည်။

"ဟင်...စစ်ချီ ??မင်းက ဒီကို ဘယ်လိုလို့ ရောက်နေရတာတုန်း?? နားနေတာဆို"

"ဟုတ်ကဲ့ ကိုသုတ၊အခန်းထဲမှာပဲ နေရ‌တော့ စိတ်မွန်းကြပ်လာလို့ လေကောင်းလေသန့်လေး ရှူမလို့ ထွက်လာရင်း အဖွဲ့မှူးနဲ့တွေ့တာ"

"ဪ..."

"သုတ ဘာကိစ္စရှိလို့လဲ??"

"ဌာနမှူးက အဖွဲ့မှူးကို ခေါ်ခိုင်းလိုက်လို့ပါအရေးတကြီး ပြောစရာရှိလို့တဲ့"

"ဟုတ်လား?"

"ဟုတ်ကဲ့"

ပိုင်ပြည့် မျက်နှာငယ်လေးနဲ့ သူ့မော့ကြည့်နေတဲ့ ကောင်လေးကိုငုံ့ကြည့်လိုက်ပြီး ...

"စစ်ချီ အခန်းထဲမှာ ပြန်နားလိုက်တော့။ ငါ အခန်းကို ပြန်‌ရောက်မှ ဆက်ပြောကြတာပေါ့"

"ဟုတ်ကဲ့..ကျွန်တော် အခန်းပြန်ပြီး စောင့်နေပါ့မယ်"

စစ်ချီ သုတနဲ့အတူ ထွက်သွားတဲ့ ပိုင်ပြည့်ရဲ့ ကျောပြင်ကို ငေးကြည့်နေရင်း အခုန်မြန်နေဆဲ ဖြစ်တဲ့ ရင်ခုန်သံတွေ လာရာ ဘယ်ဘက်ရင်အုံကို လက်ဖြင့် ခပ်ဖွဖွ ဖိထားကာ သက်ပြင်းငွေ့ငွေ့သာ ချလိုက်မိတော့သည်။

စစ်ချီ အခန်းကို ပြန်ရောက်တော့  ခဏနားပြီး ရေချိုးဖို့ လုပ်လိုက်၏။

သူ့ တစ်ကိုယ်လုံး နုံးနေကာ ခုနက စိတ်လှုပ်ရှားနေတာကြောင့် အေးစိမ့်စိမ့် ရာသီဥတုမှာတောင် သူ့ခန္ဓာကိုယ်က ချွေးတွေထွက်လို့နေသည်။

ပိုင်ပြည့် ပါတီက ပြန်လာတော့ အခန်းထဲက ကုတင်ပေါ်မှာ ကောင်လေးကို မတွေ့ရချေ။

အခန်းထဲကို ၀င်လိုက်တော့မှ ရေချိုးခန်းထဲကနေ ရေကျသံကို ကြားလိုက်ရသည်။ဒါ‌ကြောင့် ပိုင်ပြည့်လည်း အကျီလဲကာ ကိုယ့်ကုတင်ပေါ် ကိုယ်တက်ပြီး လှဲနေလိုက်သည်။ပြီးတော့ ဖုန်း‌ဖွင့်ပြီး ရေကျသံကို နားစွင့်ရင်း သတင်းတစ်ချို့ ဖတ်ကာ စောင့်နေလိုက်၏။

Till My Last BreathDonde viven las historias. Descúbrelo ahora