*CHAPTER-22*

9 3 0
                                    


သုတကပြောတဲ့အတိုင်း တကယ့် အအိပ်သမားဖြစ်သည်...ကားစထွက်ကတည်းက စအိပ်တာ ခဏနားတဲ့ နေရာ ရောက်မှ နိုး၏...

အိပ်ရင်းနဲ့ စစ်ချီ ပခုံးကိုလည်း လာမှီသေးသည်...စစ်ချီ မတွန်းထုတ်ရဲတာမလို့ အမှီသာခံလိုက်ရ၏...

အကြာကြီး အမှီခံလာတာမလို့ ပခုံးကလည်း ထုံကာ နာတာမလို့ နားတဲ့နေရာ ရောက်တော့ ပခုံးကို ဟိုလှုပ် ဒီလှုပ်နဲ့ လွှဲကြည့်ရ၏...

"စစ်ချီရာ..sorryပဲကွာ..မင်းကလည်း တွန်းလိုက်တာ မဟုတ်ဘူး..."

"ရပါတယ် ကိုသုတ ..အဲ့လောက်လည်း မနာပါဘူး..."

သုတကို မချိသွားဖြဲလေးနဲ့ ပြောနေတဲ့ ကောင်လေးကို ပိုင်ပြည့် ဒေါသထွက်ချင်ပင်မဲ့ မထွက်ရက်ပါ...သူများကို အားနာတတ်တာက ကောင်လေးရဲ့ အကျင့်ဆိုးတစ်ခုပင်...

ကိုယ် ကိုယ်တိုင် ကူညီပေးချင်လို့ ပေးတဲ့ အကူအညီနဲ့ အားနာလို့ လုပ်ပေးလိုက်ရတဲ့ အကူအညီ က မတူညီကြောင်းကိုလည်း ကောင်လေးကို သိစေချင်၏..

"မဟုတ်‌သေးပါဘူးကွာ...ငါ အခုဆက်သွားလို့ ထပ်မှီလာရင် တွန်းသာထုတ်ပစ်..ကြားလား..?"

"ဟုတ်ကဲ့ပါ ကိုသုတ.."

နား‌တဲ့နေရာမှာ စားသောက်ကြပြီး လမ်းခရီးကို ဆက်လာခဲ့ကြသည်....သုတကလည်း ထပ်ပြီးတော့ မှီလာပြန်၏...

သုတကိုယ်တိုင်ကလည်း မှာထားသည်မလို့ စစ်ချီလည်း သုတခေါင်းကို ပြတင်းပေါက်ဘက်ကို ပြန်ပြီး မှီခိုင်းလိုက်သည်...

ခဏကြာတော့ စစ်ချီပခုံးပေါ် ခေါင်းပြန်ရောက်လာပြန်၏...နှစ်ခါသုံးခါလောက် ဖြစ်လာတော့ စစ်ချီလည်း အမှီခံလိုက်‌တော့သည်...

ကိုယ်တိုင်ကလည်း တစ်ရေးမှ မအိပ်လာတော့ အိပ်ချင်လာတာကြောင့်လည်းပါ၏....ကြည့်လက်စ ရုပ်ရှင်ကို ရပ်လိုက်ပြီး မျက်လုံးပိတ်ကာ ခဏမှေးနေလိုက်သည်....

အိပ်ပျော်သလို မပျော်သလို ဖြစ်နေရာက ရုတ်တရက် ပခုံးပေါ်က နာကျင်မှုက ပျောက်ကွယ်သွား၏...

တစ်ဆက်တည်း အသီးနံ့လိုလို ဘာလိုလို အမွှေးနံတစ်ခုကိုပါ ရလိုက်၏...ပြီးတော့ မကြာခင်မှာဘဲ စစ်ချီလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့၏....

Till My Last BreathWhere stories live. Discover now