ပိုင်ပြည့် သူ့ပခုံးကို လာတို့တဲ့ လက်ပိုင်ရှင်ကို ကြည့်ဖို့ နောက်ကိုလှည့်ကြည့်လိုက်သည်...သူ မြင်လိုက်ရတာက သူ့ကို အလှဆုံးအပြုံး တွေနဲ့ ပြုံးပြနေတဲ့ စစ်ချီကိုပဲဖြစ်၏...
သူ စစ်ချီရဲ့ အပြုံးတွေမှာ ခဏတာ နစ်မြောသွားမိသည်...သူ့ရဲ့ အပြုံးတွေက ဘယ်ပန်းချီမှ နှိုင်းလို့မရအောင် လှပလွန်း၏...ဒါမှမဟုတ် သူကပဲ စစ်ချီကို ချစ်နေတဲ့ သူမလို့ အဲ့လိုတွေးမိသလားတော့ ပိုင်ပြည့် မတွေးတတ်ခဲ့ချေ...
သူ့အတွက်တော့ စစ်ချီ ဘာပဲလုပ်လုပ် ချစ်စဖွယ်ဘဲ ဖြစ်နေတော့သည်...ချစ်တဲ့ မျက်လုံးနဲ့ကြည့်တော့လည်း အရာအားလုံးက လှပနေတာပဲလေနော်...ပိုင်ပြည့်ရဲ့ အတွေးတွေကို စစ်ချီရဲ့စကားသံက ရပ်တန့်ပေးလိုက်သည်...
"ဟို.."
"ပြောစရာရှိလို့လား..?"
"ဟိုဟာ...ကျေးဇူးတင်ပါတယ်နော် အဖွဲ့မှူး..."
"ဪ...ဘာများလဲလို့ကွာ...ရပါတယ်...အလုပ်ကိုသာ ကြိုးကြိုးစားစားလုပ်ရင် ရပြီ..."
"ဟုတ်ကဲ့..ဒီနေ့ ကူညီပေးတဲ့အတွက် နောင်တမရစေရပါဘူး အဖွဲ့မှူး..."
ပိုင်ပြည့် စစ်ချီရဲ့ စကားကြောင့် သိတောင်မသိလိုက်ဘဲ မျက်နှာမှာ အပြုံးပန်းတွေ ဝေလာခဲ့သည်...
စစ်ချီ ပိုင်ပြည့် မျက်နှာကို သေချာကြည့်နေမိပြီး ငေးနေမိ၏...ပိုင်ပြည့်လို ဘယ်တော့မှ ခံစားချက်မရှိသလို ရုပ်သေကြီးနဲ့ လူမျိုးက ဒီလိုမျိုးလည်း ပြုံးတတ်တယ်ပေါ့လေ...ဒီလို ပြုံးလိုက်တော့လည်း ပိုင်ပြည့်က ထင်သလောက်တောင် ကြောက်ဖို့မကောင်းတော့ပါ...
အမှန်တိုင်းပြောရရင် သူပြုံးနေတဲ့ မျက်နှာက ကြည့်လို့တောင် တော်တော်ကောင်းသေးတယ် ဟု တွေးလိုက်မိသည်...
ပိုင်ပြည့် စစ်ချီရဲ့ အကြည့်တွေကြောင့် ရှက်သွားပြီး မျက်နှာကိုပြန်တည်ကာ စကားစဖြတ်လိုက်၏...
"ပြောချင်တာ ပြောပြီးရင် အလုပ်သွားလုပ်တော့လေ..."
"ခင်ဗျာ ...ဟုတ်ကဲ့ အဖွဲ့မှူး.."
အဲ့ဒီအချိန်တုန်းက စစ်ချီကတော့ ပိုင်ပြည့်ရဲ့အပြုံးတွေသာမက ပိုင်ပြည့်ရဲ့နှလုံးသားကိုပါ သူအပိုင်စား ရထားမှန်း အိပ်မက်ထဲတောင် ထည့်မက်မိခဲ့မှာ မဟုတ်ပါပေ.....

YOU ARE READING
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...