*CHAPTER-23*

10 3 0
                                    


စစ်ချီ သူနေရမဲ့ အခန်းကို သွားမလို့လုပ်တုန်း လူတစ်‌ယောက်က သူ့ရဲ့လက်ကို လှမ်းဆွဲထားခဲ့သည်...

စစ်ချီ လှည့်ကြည့်လိုက်တော့

"ဟင်!!ကိုသုတ..ဘာဖြစ်လို့လဲ??"

"စစ်ချီ မင်းအခန်းဖော်က ကျော်ဇင်မလား??"

"ဟုတ်တယ် ကိုသုတ..?ဘာဖြစ်လို့လဲ..??"

"ငါနဲ့ အခန်းလဲပေးပါလား စစ်ချီ"

"ခင်ဗျာ!? ဘာလို့လဲ ကိုသုတ..ကိုသုတ အခန်းဖော်က ဘယ်သူမလို့လဲ??"

"ဒီလိုကွာ..ခရီးထွက်ဖို့ လုပ်ကြတုန်းက ကိုမြင့်ဇော်က လိုက်မယ်လို့ ပြောထားတာလေကွာ..အဲ့တော့ ကိုမြင့်ဇော် နဲ့ ငါက တစ်ခန်းထဲ နေဖို့ လုပ်ထားတာ..အခုက ကိုမြင့်ဇော် မလိုက်ဖြစ်တော့ ငါက အခု အဖွဲ့မှူးနဲ့ တစ်ခန်းထဲ သုံးရမှာကွ..."

"အဖွဲ့မှူးနဲ့ တစ်ခန်းထဲသုံးရတာ အဆင်မပြေ စရာ ရှိလို့လား ကိုသုတ..?"

"မဟုတ်ပါဘူးကွာ ...ငါ အဖွဲ့မှူးကို ကြောက်တယ်ကွ.."

"အဖွဲ့မှူးက ထင်သလောက် ကြောက်ဖို့ မကောင်းပါဘူး ကိုသုတကလည်း..."

"မင်းမသိပါဘူး စစ်ချီရာ..ခုနက ကားပေါ်ကဆင်းတော့လည်း ငါ့ကို နဂါးမျက်စောင်းတွေနဲ့ လှမ်းလှမ်းထိုးနေတာ.."

"ဟားဟား...ကိုသုတကတော့ လုပ်ပြီ ..စိတ်ထင်လို့နေပါလိမ့်မယ်ဗျာ.."

"လုပ်ပါ..စစ်ချီရာ...ငါ ရန်ကုန်ပြန်ရောက်ရင် မုန့်၀ယ်ကျွေးပါ့မယ်..ငါ အဖွဲ့မှူးနဲ့သာ အခန်းအတူသုံးရရင် တစ်ညလုံး အိပ်ပျော်မှာ မဟုတ်ဘူးကွ..."

စစ်ချီလည်း ပိုင်ပြည့်နဲ့ အခန်းအတူ မသုံးချင်ပါ...သူကတော့ သုတလို ပိုင်ပြည့်ကို ကြောက်လို့တော့ မဟုတ်ပါချေ....‌

သူ ပိုင်ပြည့်ကို မြင်ရင် ကြောက်စိတ်ထက် တခြားစိတ်ကသာ သူ့ကို လွှမ်းမိုးထားတတ်သည်...သူ ပိုင်ပြည့်ကို မြင်တိုင်း ရင်တွေတုန်တတ်တာမျိုး ခြေဖျားလက်ဖျားတွေ အေးစက်လာတာတို့က ‌ကြောက်လို့ မဟုတ်ဘဲ တခြားအကြောင်းရင်းကြောင့်ဆိုတာကိုလည်း စစ်ချီသိ၏...

ဒါပေမဲ့ သူ အဖြေမထုတ်ကြည့်ချင်သေးပါ..အခုချိန်မှာ ဒီအခြေအနေလေးကပဲ သူတို့ နှစ်ယောက်လုံးအတွက် အကောင်းဆုံး ဖြစ်တယ်လို့ စစ်ချီ တွေးထားမိသည်..

Till My Last BreathDonde viven las historias. Descúbrelo ahora