*CHAPTER-32*

10 2 0
                                    

ပိုင်ပြည့် မနေ့က ခရီးကပြန်လာကတည်းက စိတ်တွေ ဂနာမငြိမ်ဖြစ်နေ၏။

စစ်ချီ နေအရှင်းရောပျောက်ရဲ့လား ဆိုတာကို တွေးပြီး ပူပန်နေမိသည်။ စစ်ချီမှာ သူငယ်ချင်းတွေ ရှိတာမှန်ပင်မဲ့ သူတို့မှာလည်း အလုပ်တွေ ရှိနေဦးမှာဆိုတော့ စစ်ချီကို အချိန်တိုင်း ဂရုစိုက်နိုင်မှာ မဟုတ်ပါချေ။

စစ်ချီရဲ့ အကျင့်စရိုက်အရလည်း အသည်းအသန်ဖြစ်တာကလွဲလို့ တော်ရုံတန်ရုံ နေမကောင်းဖြစ်တာကိုဆို သူ့သူငယ်ချင်းတွေကို ဆက်သွယ်မည့်ပုံ မပေါ်။

ပြီးတော့ စစ်ချီက နေမကောင်းဖြစ်ရင်လည်း အရမ်းပေါ့ပေါ့ဆဆ နေလွန်းသည်။ တစ်ယောက်တည်း နေတဲ့ စစ်ချီက ပေါ့ဆလွန်းပြီး လူမသိသူမသိ တစ်ခုခု ဖြစ်မှာကို သူစိုးရိမ်မိသည်။

အဲ့တာကြောင့် သူ ဖုန်းကို ကောက်ကိုင်လိုက် စစ်ချီရဲ့ ဖုန်းကို ခေါ်မလို လုပ်လိုက် ဘယ်လို အကြောင်းပြချက်နဲ့ ခေါ်ရမလဲ မသိတော့ ဖုန်းကို  ပြန်ချလိုက် လုပ်နေမိပြန်သည်။

ပိုင်ပြည့် ဝေခွဲရခက်ဖြစ်နေပြီး မိနစ် ၃၀လောက် အကြာမှာတော့ စိတ်ဒုန်းဒုန်းချပြီး ဖုန်းကို ကောက်ကိုင်ကာ စစ်ချီရဲ့ ဖုန်းကို ခေါ်လိုက်သည်။

တူ~ တူ ~တူ~

"ဟယ်လို~"

"ဟယ်လို စစ်ချီလား?"

"ဟုတ်ကဲ့ အဖွဲ့မှူး"

"ဟို...ဟို.."

"အဖွဲ့မှူး ကျွန်တော့်ကို အရေးတကြီးပြောစရာများရှိလို့လား?"

"အင်း..ဟို..ခရီး မသွားခင်က မင်းအပြီးသတ်ဖို့ ပေးလိုက်တဲ့ လကုန်အရောင်းစာရင်း ပြီးသွားပြီလား?"

"ဟုတ်ကဲ့..ကျွန်တော် ပြီးသွားပါပြီ..တနလာ်နေ့ ရုံးတက်ရင် ကျွန်တော် လာပေးပါ့မယ်"

"ဟမ်..မဟုတ်ဘူး။ လာမပေးနဲ့လေ။  ငါက အခု စစ်ကြည့်ချင်လို့။ အဲ့ဖိုင်က မင်းအိမ်ယူသွားတာမလား?"

"ဗျာ ဟုတ်ကဲ့။အဲ့နေ့က ရုံးမှာ မပြီးလို့ ကျွန်တော်ယူသွားလိုက်တာ"

"အဲ့တာ ငါအခုလိုချင်လို့ ‌မင်းလာပေးလို့ရမလား?"

"ဗျာ အပြင်ထွက်ပြီး လာပေးဖို့တော့ အဆင်မပြေလောက်ဘူး အဖွဲ့မှူး။ ကျွန်တော် အခု ဟို..."

Till My Last BreathWhere stories live. Discover now