*CHAPTER-3*

41 4 2
                                    

ပိုင်ပြည့် ဌာန ကိုရောက်တော့ သူတို့ ဒီနေ့ အင်တာဗျူးမည့် အစီအစဉ်ကို ဌာနမှူးက ပြောပြသည်။အင်တာဗျူးမဲ့သူက ပိုင်ပြည့်၊မြတ်ဖုန်းနဲ့ ဌာနမှူး သုံးယောက်ဖြစ်သည်။

သူတို့က အဖွဲ့ နှစ်ဖွဲ့မှာ တစ်ယောက်စီ ထည့်ဖို့ လူနှစ်ယောက်ကို ခေါ်ယူမှာဖြစ်ပြီးGenderကို မကန့်သတ်ထားပေ။

သူ့အရင်ဘ၀ရဲ့ မှတ်ဉာဏ်အရတော့ ရွေးချယ်ခံရတဲ့ လူနှစ်ယောက်က ကောင်လေးနဲ့ ရွက်‌ယောင် ဆိုတဲ့မိန်းကလေးဖြစ်၏။ရွက်ယောင်က သူ့အဖွဲ့ ကိုရောက်လာပြီး ကောင်လေးကတော့ မြတ်ဖုန်းရဲ့ အဖွဲ့ကိုရောက်မှာ ဖြစ်သည်။

ခဏကြာတော့ အင်တာဗျူးကို စတင်ခဲ့သည်။2နာရီကြာ လူအယောက်နှစ်ဆယ်ခန့်ကို အင်တာဗျူးခဲ့ပင်မဲ့ ရွက်ယောင်အပြင် အဆင်ပြေတဲ့ တစ်ယောက်ပင် မရှိပေ။ထို့ကြောင့် ဌာနမှူးက သတိပေးစကား ဆိုလာသည်။

"အခုတစ်‌ယောက်က နောက်ဆုံးတစ်ယောက်ပဲ..."

ပိုင်ပြည့် CV formကို ငေးကြည့်နေမိသည်
CV formထဲက ဓာတ်ပုံမှာ ကောင်လေးရဲ့ မျက်လုံးတွေနဲ့ အပြုံးတွေက တောက်ပနေခဲ့သည်။ အဲ့ဒီအပြုံးတွေ‌‌နဲ့ မျက်၀န်း‌တွေက အချိန်ကြာလာတာနဲ့ တဖြည်းဖြည်း အရောင်မှိန်လာမှာကိုလည်း ပိုင်ပြည့်သိနေခဲ့သည်။

အင်တာဗျူးအတွက် တာ၀န်ကျတဲ့ ၀န်ထမ်းက နောက်ဆုံးလူရဲ့ နာမည်ကို အော်ခေါ်နေသံကို ကြားလိုက်ရသည်။

"ကိုစစ်ချီ ရှိပါသလား??"

"ဟုတ်ကဲ့...ရှိပါတယ်"

"၀င်လို့ရပါပြီ"

ပိုင်ပြည့် အခန်းထဲကို ၀င်လာတဲ့ ကောင်လေးကို သေချာကြည့်နေမိခဲ့သည်။သူ့ရဲ့နှလုံးသားဟာလည်း မျောက်အုန်းသီးရသလိုပဲ ခုန်ပေါက်နေတဲ့အတွက် ဘေးက ဌာနမှူးကြားမှာ ကြောက်မိတဲ့အထိပင်။

ပိုင်ပြည့် အရှေ့ကသူသည် သူမသေဆုံးမီ နောက်ဆုံးအချိန် မှတ်ဉာဏ်ထဲမှာထင်ကျန်နေတဲ့ အတိုင်းပါပဲ။

172စင်တီ(5ပေ7လက်မ) လောက်ရှိတဲ့ အရပ်နဲ့ ခပ်လတ်လတ်အသားအရည် မသေးမကြီး ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင်ရှပ်လက်ရှည်နဲ့ style pantကို၀တ်ဆင်ထားပြီး ဘယ်သူ့ကိုမှမရှိန်တဲ့မျက်နှာထားကို အတင်းလုပ်ယူထားမှန်းသိသာနေတဲ့သူက သူချစ်ရပြီး အမြတ်နိုးရဆုံး ကောင်လေး "စစ်ချီ"ပါပဲ။

Till My Last BreathWhere stories live. Discover now