စစ်ချီတို့ ၀န်ထမ်းတွေ ဟိုတယ်ကို ရောက်ပြီး ခဏအနားယူလို့ ပြီးချိန်မှာတော့ အားကစားပွဲကို ခန်းမကျယ်ကြီးထဲမှာ ကျင်းပခဲ့သည်...ဟိုတယ်က ၀န်ထမ်းတွေက လိုလေသေး မရှိ ပြင်ဆင်ပေးထား၏...အားကစားပြိုင်ပွဲ လုပ်ရမည့်နေရာ ဒဏ်ရာ အနာတရ ဖြစ်လျှင် ဆေးပေးဆေးယူ လုပ်လို့ရတဲ့နေရာနှင့် ပွဲကြည့်ပရိတ်သတ် တို့အတွက်လည်း နေရာတွေ သီးသန့်ပြင်ဆင်ပေးထားသည်...
ပွဲကြည့်တဲ့နေရာရဲ့ ထိပ်ဆုံးတန်းမှာ ကုမ္ပဏီ CEO ဦးရာဇာသွင် ထိုင်နေပြီး ဘေးနားမှာတော့ ဌာနအသီးသီးက အထက်လူကြီး တစ်ချို့ ထိုင်နေကြသည်...
ကစားပွဲတွေက ရိုးရိုးရှင်းရှင်းတွေပင်ဖြစ်သည်...ကြက်ဖခွပ်တမ်းလည်း ပါသလို ထုတ်ဆီးထိုးတာလည်း ပါ၏...
ကစားနည်း လေးခုလောက် ကစားပြီးတဲ့အချိန်မှာတော့ ဦးရာဇာသွင်ကလွဲလို့ ကျန်တဲ့ ၀န်ထမ်းတွေ အကုန် ရာထူးကြီးငယ် မရွေး ပါ၀င်ရမဲ့ ဘောလုံးပစ် ကစားပွဲကို ဆော့ကစားရမည့်အချိန်ကို ရောက်ရှိလာခဲ့သည်..
လူပေါင်း ၇၅ ယောက်ကို ရောင်စုံစက္ကူဖြင့် မဲနှိုက်ရွေးချယ်ကာ တစ်ဖွဲ့ ၁၅ယောက်နှုန်းနှင့် အဖြူ အပြာ အနီ အဝါ လိမ္မော် စသည်ဖြင့် အဖွဲ့ ၅ဖွဲ့ ခွဲလိုက်၏....
စစ်ချီ အဖွဲ့က အပြာရောင်အဖွဲ့ ဖြစ်ပြီး အဖွဲ့ထဲမှာ သိတဲ့သူဆိုလို့ ဌာနမှူး တစ်ယောက်သာ ပါရှိသည်...
ပိုင်ပြည့်နှင့် ဆည်းဆာသွင်က အနီရောင်အဖွဲ့က ဖြစ်သလို မြတ်ဖုန်းကလည်း သူတို့ နှစ်ယောက်နှင့် အဖွဲ့တူသာ ဖြစ်၏...
ပထမ ကစားပွဲမှာ အဖြူအသင်း အဝါ အသင်းနဲ့လိမ္မော် အသင်း ယှဉ်ပြိုင် ကစားကြရာ အဝါအသင်းက နောက်ဆုံး ကျန်ရစ်သူ နှစ်ယောက်ဖြင့် နောက်တစ်ဆင့်က်ို တက်ရောက်သွားသည်...
အနိုင်ရသည့် အဖွဲ့ကို ဆုကြေးငွေပါ ပေးမည့်အတွက် ၀န်ထမ်းတိုင်း အားတက်သရော ယှဉ်ပြိုင်ကစားကြသည်...
ဒုတိယ ကစားပွဲကို အပြာနဲ့ အနီ အသင်းက ယှဉ်ပြိုင်ကစားကြရာ အဖွဲ့ ထဲမှာ ရင်းနှီးတဲ့လူဆိုလို့ ဌာနမှူးသာ ရှိတာမလို့ စစ်ချီ အားကိုးမလို့လုပ်ပေမဲ့ ဌာနမှူးက ကစားပွဲ စပြီး တစ်မိနစ်မှာပဲ ဘောလုံးထိမှန်ပြီး ကစားပွဲက ထွက်ခွာသွားရ၏...
YOU ARE READING
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...