စစ်ချီပြောလိုက်တဲ့ စကားကြောင့် ဆုခြည်ရှင်ရော နိုင်သူပါ ပြောစရာစကားတွေ ခဏတာ ပျောက်ဆုံးသွားသည်။နိုင်သူ့လို ဘေးလူတောင်ဒီလောက် အံ့ဩနေရင် စစ်ချီရဲ့ ငယ်သူချင်း ဆုခြည်ရှင်ကတော့ ဘာဆက်ပြောရမလဲ မသိဖြစ်နေ၏ ။
ဆုခြည်ရှင် လည်ချောင်းထဲကနေ စကားလုံးတွေကို မရရအောင် အားနဲ့ ညှစ်ထုတ်လိုက်ပြီး
"ဘာ!!!နင် နင့်လူကြီးနဲ့ လမ်းခွဲတော့မယ် ဟုတ်လား?ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ?"
စစ်ချီ အဲ့လူကို ဘယ်လောက် သဘောကျကြောင်း သိနေတဲ့ ဆုခြည်ရှင်အတွက်တော့ စစ်ချီရဲ့စကားက နေအနောက်ဘက်က ထွက်လာတယ်ဆိုတဲ့ စကားလို မျိုးပဲဖြစ်နေခဲ့သည်။
"အင်း ဟုတ်တယ်။ ငါအရင်ထဲက စဉ်းစားနေခဲ့တာ။ဒါပေမဲ့ အခုတော့ သူနဲ့ဆက်ဆံရေး အပြတ်ဖြတ်ဖို့ အချိန်ရောက်လာပြီထင်လို့"
စစ်ချီ သူရဲ့တကယ့် အကြောင်းအရင်းမှန်ကိုတော့ မပြောပြချင်ပါ။သူက မြတ်ဖုန်းရဲ့ လက်ချက်ကြောင့် သေဆုံးသွားရပြီး လွန်ခဲ့တဲ့နှစ်နှစ်ကို ပြန်မွေးဖွားလာတယ်ဆိုတာ သူပြောမထွက်ဘူး။ဆုခြည်ရှင်က ဘယ်လောက်ပဲ ရင်းနှီးတဲ့သူ ဖြစ်နေပါစေ။ဒီလိုကိစ္စမျိုးကြီးက အရမ်း ထူးဆန်းမနေဘူးလား?လွယ်လွယ်ကူကူ လက်ခံလို့ရတဲ့ ကိစ္စလည်း မဟုတ်သလိုပြောပြလိုက်ရင် ကောင်းတဲ့ကိစ္စတွေလည်း မဖြစ်လာနိုင်လို့ စစ်ချီ တကယ့် အကြောင်းရင်းမှန်ကို မပြောဖို့ဆုံးဖြတ်လိုက်သည်။
ဆုခြည်ရှင် စစ်ချီရဲ့ စကားကြောင့် နည်းနည်းတွေဝေသွားသည်။သုံးနှစ်အတောအတွင်း စစ်ချီက ဘာကိစ္စတွေပဲ ရှိလာရှိလာ ဘယ်တော့မှ မြတ်ဖုန်းနဲ့လမ်းခွဲဖို့ကို မတွေးဖူးပါ။
အဲ့တာကြောင့်မလို့ စစ်ချီကမြတ်ဖုန်းနဲ့ လမ်းခွဲဖို့ စိတ်ကူး လုံး၀မရှိတာကို သူမအသိဆုံးဖြစ်သည်။သူမက စစ်ချီ မြတ်ဖုန်းနဲ့ လမ်းခွဲမှာကို အမြဲ မျှော်လင့်နေခဲ့တာမလို့ စစ်ချီ အဲ့ဒီလူရဲ့ ကြိုးကိုင်မှု အောက်က လွတ်မြောက်တော့မှာကို ၀မ်းသာမိပင်မဲ့ တစ်ဖက်ကလည်း အရမ်းထူးဆန်းနေတယ်လို့ ခံစားမိသည်။
YOU ARE READING
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...