*CHAPTER-39*

9 3 2
                                    

ပိုင်ပြည့်အသက် ၁၂နှစ်မှသာ အဖေဆိုတဲ့သူကို ပထမဆုံးအကြိမ်မျက်နှာမြင်ဖူးခဲ့သည်။ ဒါပေမဲ့လည်း  မိနစ်ပိုင်းလောက်သာ မျက်နှာချင်းဆိုင်လိုက်ရပြီး နောက်ပိုင်းတော့ ထိုသူ၏အတွင်း‌ရေးမှူးဆိုသူကသာ ပိုင်ပြည့်လိုအပ်တာ မှန်သမျှနှင့်ဝေရာဝိစ္စတွေကို အကုန်လိုက်လုပ်ပေးခဲ့သည်မှာ ပိုင်ပြည့် တစ်သက်လုံးနေရတော့မည်ဟုဆိုသည့် အိမ်ကို ရောက်တဲ့အထိပင်။

ပျဉ်ထောင်အိမ်ငယ်လေးမှာ နေလာခဲ့ရသည့်ပိုင်ပြည့်အတွက်တော့ ကြီးမားလှသည့် နှစ်ထပ်တိုက်အိမ်ကြီးက နန်းတော်ကြီးတမျှ ခမ်းနားလွန်းလှသည်။ အတွင်းရေးမှူးဦးလေးကြီးရဲ့ ခေါ်ဆောင်ရာနောက်ကို အသံတစ်သံမှ မထွက်ရဲဘဲ ငြိမ်ငြိမ်ကုတ်ကုတ်ဖြင့် မျက်စိကစားကာ ပိုင်ပြည့် လိုက်ပါလာ‌ခဲ့တော့သည်။

ဧည့်ခန်းကိုရောက်တော့ သူ့ကိုယ်သူ အဖေဟု အမည်ခံသွားသည့်သူရဲ့ဘေးတွင် အန်တီကြီးတစ်ယောက်နှင့်အတူ ကောင်လေးတစ်ယောက်ကိုပါ အတူတွေ့လိုက်ရသည်။

"သူ‌ဌေး မောင်ပိုင်ပြည့်ရောက်ပါပြီ"

"အေး..ကလေးကိုထားပြီး မင်းသွားလို့ရပြီ"

ခြေဆုံးခေါင်းဆုံးကြည့်နေတဲ့ လူစိမ်းသုံးယောက်ရဲ့အကြည့်စူးစူးတွေကြားတွင် ပိုင်ပြည့်အသက်ရှူကြပ်လာမိသည်။ဆိုဖာတွင်လည်း ပိုင်ပြည့် ၀င်မထိုင်ရဲတာမလို့ လာတုန်းက ယူလာတဲ့လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိရင်း ကြမ်းပြင်ကြီးကိုသာ ငေးကြည့်နေမိတော့သည်။

"ထိုင်လေ ပိုင်ပြည့်"

အန်တီကြီးဆီက ခွင့်ပြုချက်ရမှသာ ဆိုဖာပေါ်မှာ မဝံ့မရဲဖြင့် ၀င်ထိုင်လိုက်မိသည်။ ရှေ့ကလူသုံးယောက်ရဲ့ တောက်တောက်ပပ ပုံပန်းသွင်ပြင်တွေကြောင့် လူက အလိုလိုသိမ်ငယ်မိကာ မြေကြီးထဲ ကျုံ့၀င်သွားသလို ခံစားနေမိတော့သည်။

"မင်း နောက်ဆို ဒီမှာပဲ နေရတော့မှာ..ဒီဘက်က မင်းရဲ့မာမီပဲ။ ဟိုဘက်ကတော့ မင်းရဲ့ညီလေး မင်းပြည့်တဲ့။ ညီအကိုနှစ်ယောက် တည့်တည့်ရှူရှူနေကြ။ မင်းပြည့်က မင်းထက် ၄နှစ်ငယ်တယ်။အလိုလိုက်ထားတော့ နည်းနည်းတော့ဆိုးချင်တယ်"

Till My Last BreathWhere stories live. Discover now