စစ်ချီ နောက်ကို လှည့်မကြည့်နိုင်ဘဲ တစ်ကိုယ်လုံးက ရေခဲရိုက်ထားသလို တောင့်တင်းနေသည်..ပြီးတော့ သူ့ရဲ့ နှလုံးကလည်း အလိုက်ကန်းဆိုးမသိစွာနဲ့ အခုန်မြန်နေ၏....
စစ်ချီ စိတ်လှုပ်ရှားမှုကြောင့် အနောက်ကို လှည့်မကြည့်နိုင်ခြင်းကို တစ်ဖက်ကလူဖြစ်တဲ့ ဆည်းဆာသွင်ကတော့ စစ်ချီက သူမစကားကို မကြားချင်ယောင်ဆောင်ကာ လျစ်လျူရှူနေတယ်လို့ ထင်သွား၏....
ဆည်းဆာသွင်အတွက်ကတော့ သူမဟာ ငယ်ငယ်ကတည်းက တစ်ဦးတည်းသောသမီး ဖြစ်တဲ့အလျှောက် မိသားစု၀င်တိုင်းရဲ့ အလိုလိုက်ခံခဲ့ရပြီး သူမက လိုချင်တာဖြစ်ချင်တာ မှန်သမျှ သူမအဖေက အကုန် ဖြည့်ဆည်းပေးခဲ့သည်...
သူမကိုယ်တိုင်ကလည်း ရုပ်ရည် ပညာ အလုပ်အကိုင် အရည်အချင်း အကုန်လုံး ပြည့်စုံတဲ့သူ လို့ သတ်မှတ်ထားတာဖြစ်သည်...
ကုမ္ပဏီမှာဆိုရင်လည်း သူမအဖေကြောင့် မဟုတ်ရင်တောင် သူမ ကိုယ်ပိုင်ရာထူးနဲ့ သူမရဲ့ ကုမ္ပဏီအတွက် စွမ်းဆောင်ပေးမှုတွေကြောင့် လူတိုင်းက သူမကို လေးစားအားကျနေကြဖြစ်၏...
အခုလိုမျိုး သူမ မသိတဲ့ လူတစ်ယောက်ဆီကနေ လျစ်လျူရှူခံရလိမ့်မယ်လို့ မထင်ထားတာကြောင့် သူမဟာ ဒေါသ အနည်းငယ်ထွက်သွားပြီး သူ့ရှေ့က လူကို မျက်နှာမြင်ရအောင် ပခုံးကနေ သူမဘက်ကို ဆွဲလှည့်လိုက်သည်...
သူမ မြင်လိုက်ရတာက အသက်20ကျော်လောက်ရှိမဲ့ လူငယ်လေးတစ်ယောက်က သူ့ဘ၀မှာ ကြောက်စရာအကောင်းဆုံးအရာ တစ်ခုကို မြင်လိုက်ရသလိုမျိုး ပြီးတော့ သူ လုံး၀မမြင်ချင်တဲ့ အရာတစ်ခုကို မြင်လိုက်ရသလို ထိတ်လန့်နေတဲ့ မျက်နှာကို ဘဲဖြစ်၏....
သူမ ခဏတာတော့ ကြောင်သွားခဲ့ပင်မဲ့ သူမကြားချင်တဲ့ မေးခွန်းရဲ့ အဖြေကိုတော့ နောက်တစ်ခါ ထပ်မေးလိုက်သည်...
"မင်းဘယ်သူလဲ...ဘယ်ဌာနကလဲလို့ မေးနေတယ်လေ...မေးခွန်းမေးရင် ပြန်ဖြေရမှာ မင်းမသိဘူးလား???"
ဇောချွေးတွေ ပြန်နေတဲ့ စစ်ချီက တစ်ကိုယ်လုံး တုန်ယင်နေကာ သူ့ပါးစပ်ကနေ ဘာစကားမှ မထွက်လာဘဲ ဖြစ်နေ၏ ...မေ့ထားချင်ခဲ့တဲ့ ဖြစ်ရပ်တစ်ချို့က အတွေးအာရုံထဲမှာ ရုပ်ရှင်ဇာတ်ကား တစ်ခုလို မြင်ယောင်နေရသည်...
YOU ARE READING
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...