ရှောင်ကျန့် မှော်နက်အစွမ်း သင်ပီးပြန်ထွက်လာတော့ သူ့ကိုထိုင်စောင့်နေတဲ့ အားရှန့်
'သင်ပီးပီလား ကျန့်ကျန့်'
'အွန်း ငါအခုမင်းကို သုံးနှစ်သားကနေ အသက်သုံးဆယ်ဖစ်အောင် ပြောင်းလို့ရတယ်သိလား'
'နေပါစေ ဒီတိုင်းလေးဘဲ ကောင်းပါတယ်'
'ဘာလဲ အားရှန့် မင်းကငါ့ကိုမယုံတာလား''ဟုတ်ပါဘူး ကျန့်ကျန့် ကလည်း အခုက အစွမ်းတွေမှ သုံးလို့မရတာကို စိတ်ကြည့်ဘဲ ဟွန့်'
'အေးပါကွာ နှုတ်ခမ်းကြီး မထော်စမ်းပါနဲ့ '
'ဘာလို့လဲ အူယားလို့လားဟင် ချစ်ဖို့ကောင်းတယ်မလား'
'မဟုတ်ဘူး ငါအန်ချင်လို့ ဝေါ့'
'ဟွန့် ကျန့်ကျန့်နော် စိတ်ဆိုးရင် မခေါ်တော့ဘဲ နေမှာဗျ လာမစနဲ့'
'အော်အော် ဟုတ်လား ''ဟွန့် '
'အေးပါ မစတော့ဘူး ချစ်ဖို့ကောင်းပါတယ် ဟုတ်ပီလား'
'အဲ့လိုမှပေါ့ အာ့ကြောင့်ကျန့်ကျန့်က ချစ်စရာကောင်းနေတာ အရမ်းဘဲ'
'တော်တော် ငါ့ကိုမဖားနဲ့ ပုံမှန်ဆက်ဆံ'
''ဟုတ်ပါဖူး ကျန့်ကျန့်ကလည်း ဟီး ဇာတ်ကြောင်းပြောမယ်နော်'
'ပြောပြော အာ့ဆိုလည်း''ဒီကမ္ဘာက နန်းတွင်းထဲမှာပါ ဒီကမ္ဘာရဲ့ ဇာတ်လိုက်က လန်ရှင်းချန် သူကလန်အိမ်တော်ရဲ့ပထမသခင်လေး တည်ကြည်တယ် ဖြောင့်မတ်တဲ့ စိတ်ထားနူးညံ့ပီး အပြောအဆိုပြေပြစ်တယ် ဒီကမ္ဘာရဲ့ ဇာတ်လိုက်မကတော့ လီကျူးအော် သူမက ငယ်ရွယ်တယ် လှပပီး ထက်မြက်တယ် မိန်းကလေးတစ်ယောက် သူတို့ဘလိုစတွေ့လဲဆိုတော့ လန်အိမ်တော်က တခြားအိမ်တော်အသီးသီးကို ပညာသင်ဖို့ ခေါ်တဲ့အချိန်မှာ လီအိမ်တော်ရဲ့ မမလေး လီကျးအော်လည်း ပါလာခဲ့တယ် သူမကထက်မြက်တာကြောင့် စစချင်းမှာဘဲ ဇာတ်လိုက်က သတိထားမိသွားတယ် အဲ့တာနဲ့ဘဲ သူတို့ချစ်ကြိုက်မိသွားကြတယ် တစ်ရက်မှာ လန်အိမ်တော်က ကျောက်စိမ်းနှစ်ဆူကို လိုချင်တဲ့ ဝမ်အိမ်တော်က လူတွေခေါ်ပီး လန်အိမ်တော်ကို ဝင်ရောက်ခဲ့တယ် အဲ့အချိန်မှာ ဇာတ်လိုက်မက ဝမ်အိမ်တော် ကလူတွေကိုအချိန်ဆွဲပီး ဇာတ်လိုက်တို့ကို ကူညီခဲ့တယ် အဲ့တာကို ကျေးဇူးတင်တဲ့ လန်အိမ်တော်ရဲ့ သခင်ကြီး လန်ချိရန်က ဇာတ်လိုက်မကို သူ့တူဇာတ်လိုက် လန်ရှင်းချန်နဲ့ ပေးစားခဲ့တယ်အဲ့တာနဲ့ဘဲ သူတို့လက်ထပ်ကလေးတွေရ ပျော်ပျော်ရွင်ရွင် နေသွားကြတယ်'